ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၃/၂ဝ၁၈)ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ဆက်လက်ကျင်းပသည်။ အစီအစဉ်အရ ပါတီဗဟိုအတိုင်ပင်ခံများက လုပ်ငန်းအခြေအနေများအား ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ကော်မတီများ၊ ဌာနကြီးများနှင့်ရေးရာကော်မတီတာဝန်ခံများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း က ရှင်းလင်းဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ပြီး လိုအပ်ချက် များကို ဆွေးနွေးမှာကြားပြီးနောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်းဆွေးနွေး သည်။ ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေ ၅ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။