စပျစ်သီး၏ ကောင်းကျိုးများ

နံနက်စောစော စပျစ်သီးဖျော်ရည်သောက်ပါက ခေါင်းတစ်ခြမ်း ကိုက်ခြင်း Migrane ကို သက်သာစေသည် ။ စပျစ်သီး အခွံမှာပါသော Pte-rostilbene နှင့် Saponin တို့က သွေးထဲတွင် Cholesterol စုပ်ယူမှုကို ဟန့်တားပေး သဖြင့် အဆီကို ကျစေသည် ။ ၄င်းတွင်ပါဝင်သော Resve-ratrol မှ အယ်ဇိုင်းမားရောဂါ ဖြစ်စေသော Amyloidal Peptide ကို လျော့စေသဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်မှုကို ဟန့်တားပေးသည် ။ ၄င်းပြင် ဦးနှောက်ကျန်းမာရေးကို အားပေးပြီး အာရုံကြောများ ချို့ယွင်းပျက်စီးလာမှုကို နှောင့်နှေးစေသည် ။ ကျောက်ကပ် အတွင်း သွေးကြော များ၏ ဖိအားကို လျော့ပေးသဖြင့် ကျောက်ကပ်ရောဂါများကို သက်သာစေသည် ။

Nitric Oxide Level ကို မြင့်စေသဖြင့် သွေးခဲခြင်းကို ကာကွယ်ပေးသောကြောင့် နှလုံးရော ဂါကို ကာကွယ်ပေး သည် ။ ၄င်းတွင် ပါဝင်သော Anti Oxidant မှ မကောင်းသောအဆီ LDL Cholesterol ကို ကျစေသည် ။ အစာမကျေမှုကို ကာကွယ်ပေးသည် ။ ၄င်းတွင် ပါဝင်သော Resver-atrol မှ ရောင်ရမ်းမှုကို လျော့စေသည် ။ ရင်သားနှင့် အူမကြီး ကင်ဆာကို ကာကွယ်ပေးသည် ။ ၄င်းတွင် ပါဝင်သော Anthocyanin နှင့် Proanthocyanin တို့က ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားပေးသည် ။

ပါဝင်သော Flavonoid မှရေတိမ် Cataract ဖြစ်ခြင်းကို ကာကွယ်ပေးပြီး အိုမင်းမှုကို လျှော့ချ ပေးသည်။ စပျစ်သီးကို တစ်နေ့ (၃)ကြိမ် စားပါက အသက်ကြီး၍ အမြင်အာရုံချို့ ယွင်းသောရောဂါ Macular Degeneration ၏ ၃၆%ကို လျော့ချပေးသည်။ စပျစ်သီးအစိမ်းသည် iron ဓာတ် ကြွယ်ဝစွာပါဝင်သဖြင့် သွေးအားကို ကောင်းစေ  သောကြောင့် မောပန်းမှုကို လျော့နည်းစေသည်။ စပျစ်သီးအနီသည် ဘက်တီးရီးယားကို သတ်သည့် အာနိသင် ရှိသည့် အပြင် ပိုလီယိုဗိုင်းရပ်စ်နှင့် ရေယုန် ဗိုင်းရပ်စ်တို့ကို သတ်နိုင်သော အာနိသင်လည်းရှိသည်။

Credit:  Health Updates Journal