၂၀၁၈-ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ကန်ပက်လက် မြို့နယ်​မှပါဝင်​ယှဉ်​ပြိုင်​မည့်​ ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် အဓိကအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ၊ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရကြား ချိတ်ဆက်ပြီးလုပ်နိုင်တဲ့ အတိုင်းအတာတွင်းကြိုးစားပြီးလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားနိုင်း ….

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာကို ပြည်ခိုင်ဖြိုးပါတီကိုယ်စား ဦးမနားနိုင်း(၆၂ နှစ်)က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ၊

ဦးမနားနိုင်း ကို အဖ ဦးနိုင်းဟုန်း၊
အမိ ဒေါ်နူးနိုင်း တို့မှ စံအိမ်နူးကျေးရွာ ၊ ကန်ပက်လက်မြို့နယ်တွင် ဖွေးဖွားခဲ့သည် ။

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံ(စစ်ကိုင်း) တွင် ပညာသင်ကြားခဲ့ပြီး B.Ed ဘွဲ့ရရှိခဲ့သည်။ အမက မကြားအိမ်နူးကျေးရွာ၊ မရွှီကျေးရွာ ၊ စံအိမ်နူးကျေးရွာ တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည် ။ အထက ရိခေါဒါရ်၊ ဖလမ်းမြို့နယ်တွင် အထက်တန်းပြတာဝန် တို့ကို ထမ်းဆောင်ခဲ့ပြီး အထက်တန်းပြဆရာနဲ့ ၂၀၀၉ ခုနှစ်မှာ ပင်စင်ယူခဲ့ပါတယ်။
ဦးမနားနိုင်းသည် ၂၀၁၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးတွင် ရွေးကောက်ခံခဲ့ပြီး ၂၀၁၀-၁၅ ခုနှစ် ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြင့်ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် အားလျော်စွာ မြို့နယ်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည် ။
အမျိုးသားလွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ တွင်လည်းပါဝင်ခဲ့သူဖြစ်ပါတယ် ….လက်ရှိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌတာဝန်ယူထားသူလည်းဖြစ်ပါတယ် …

#ဇာတိမြေဖွံ့ဖြိုးတိုးတက်စေဖို့ ဦးမနားနိုင်းကိုမဲပေးစို့