၂၀၁၈-ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ သပိတ်​ကျင်းမြို့နယ်​မှပါဝင်​ယှဉ်​ပြိုင်​မည့်​ ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

အမည်​ – ဦးမြင့်​စိုး
လူမျိုး/ဘာသာ – ဗမာ၊ ဗုဒ္ဓ
အသက်​ – ၄၄ နှစ်​(၂၄.၁၀.၁၉၇၄)
မွေးဇာတိ – ထင်းကားကုန်းရပ်​၊ ကဘဲ့ရပ်​ကွက်​၊ သပိတ်​ကျင်းမြို့နယ်​။
ပညာအရည်​အချင်း – B.Sc(Phys:)
အလုပ်​အကိုင်​ – ဓာတ်​ပုံရိုက်​ကူး​ရေး
အဖအမည်​ – ဦးမိုး(ကွယ်​လွန်​)
အမိအမည်​ – ​ဒေါ်မြသိန်း(ကွယ်​လွန်​)
ဇနီးအမည်​ – ​ဒေါ်တင်​မိုးနွယ်
သား/သမီးအမည်​ – ​မောင်​​ကျော်​ခန့်​​ဇော်​(နည်းပညာတက္ကသိုလ်​)၊ မမြတ်​မွန်​သန့်​(စိုက်​ပျိုး​ရေးတက္ကသိုလ်​)၊ ​မောင်​မြတ်​မင်းခန့်​(သစ်​​တောတက္ကသိုလ်​)
ပါတီတာဝန်​ – မြို့နယ်​အတွင်း​ရေးမှူး၊ သပိတ်​ကျင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ။
ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​မဲဆန္ဒနယ်​ – သပိတ်​ကျင်းမြို့နယ်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ မဲဆန္ဒနယ်​​မြေအမှတ်​(၁)
——————————————————————-
ဦးမြင့်​စိုးအား သပိတ်​ကျင်းမြို့နယ်​ ကဘဲ့ရပ်​တွင်​​မွေးဖွားခဲ့ပြီး သူငယ်​တန်းမှ ဒဿမတန်းအထိ(အ.ထ.က)သပိတ်​ကျင်းတွင်​ပညာသင်​ကြားခဲ့ပါသည်​။ (၁၉၉၃)ခုနှစ်​တွင်​ ​ရွှေဘို (အ.ထ.က)(၃)မှ ဒဿမတန်း​အောင်​မြင်​ခဲ့ပြီး ​ရွှေဘိုဒီဂရီ​ကောလိပ်​မှ ရူပ​ဗေဒအထူးပြုဖြင့်​ သိပ္ပံဘွဲ့ရရှိခဲ့ပါသည်​။ ဦးမြင့်​စိုးသည်​ သပိတ်​ကျင်းနယ်​သား၊ သပိတ်​ကျင်းဇာတိဖွားဖြစ်​ပြီး သပိတ်​ကျင်း​ဒေသအ​ကြောင်း ​ကောင်း​ကောင်းသိသူမို့ ​သပိတ်​ကျင်းဒေသဖွံ့ဖြိုး​တိုးတက်​​ရေးကိစ္စ​တွေကို အ​ကောင်းဆုံး​ဆောင်​ရွက်​​ပေးနိုင်​မယ့်​သူဖြစ်​ပါတယ်​။ ဒါ့​ကြောင့်​သပိတ်​ကျင်း​ဒေသကို ယခုထက်​ပိုမိုဖွံ့ဖြိုးတိုးတက်​ချင်​ရင်​​တော့ သပိတ်​ကျင်းအ​ကြောင်း ​ကောင်း​ကောင်းသိတဲ့ သပိတ်​ကျင်းပြည်​သူ​လူထုအကျိုးကိုအမှန်​တကယ်​​ဆောင်​ရွက်​​ပေး​နေတဲ့ ဇာတိသား ပြည်​ခိုင်​ဖြိုးပါတီကိုယ်​စားလှယ်​​လောင်း ဦးမြင့်​စိုးကို ​ထောက်​ခံမဲ​ပေးလိုက်​ကြပါစို့လား……