တောင်ကိုရီးယားအသင်း အာရှပြိုင်ပွဲဗိုလ်စွဲ၊ ဆွန်ဟောင်မင် စစ်မှုထမ်းတာဝန်ကင်းလွတ်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော အာရှအားက စားပြိုင်ပွဲ ဘောလုံးဗိုလ်လုပွဲတွင် တောင်ကိုရီးယားအသင်းက ဂျပန်အသင်းကို အချိန်ပိုဂိုးများ သွင်းယူကာ ၂-၁​ဂိုးဖြင့် အနိုင်ရရှိ ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။

ယင်းအတွက် ပရီးမီးယားလိဂ် စပါးအသင်းမှ ဆွန်ဟောင်မင်သည် တောင်ကိုရီးယားအမျိုးသားတိုင်း မဖြစ်မနေ ထမ်းဆောင်ရသည့် စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။

တောင်ကိုရီးယားက လီဆွမ်ဝူးနှင့် ဟွမ်ဟီးချန်တို့၏ နောက်ကျဂိုးဖြင့် ၁၉၈၆ နောက်ပိုင်း ပထမအကြိမ် အာရှအားကစား ပြိုင်ပွဲ ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည်။

ဆွန်ဟောင်မင်သည် အာရှ အားကစားပြိုင်ပွဲ၌ ပါဝင်ရန်စပါး အသင်း၏ ရာသီအစပွဲများ လွဲချော်ခြင်းအပေါ် အားနာသော်လည်း ရွှေတံဆိပ်ဆုရလျှင် ၎င်း တို့၏ ကြယ်ပွင့်ကစားသမား စစ်မှုထမ်းခွင့် ကင်းလွတ်နိုင်ခြင်းကို သိရှိထားသဖြင့် စပါးအသင်းက ၎င်း ကို ကြည်ဖြူစွာ ခွင့်ပြုခဲ့သည်။

အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိမှသာ ၂၁ လ စစ်မှု ထမ်းခွင့်မှ ကင်းလွတ်ခွင့်ရမည်ဖြစ်ရာ ဆွန်ဟောင်မင် နှင့်အသင်း ဖော်များ ဂျပန်ကိုကပ်နိုင်ကာ စစ် မှုထမ်းရခြင်းမှ သီသီကလေး လွတ်မြောက်ခဲ့သည်။

အချိန်ပို မိနစ် ၃၀ အတွင်း တောင်ကိုရီးယား၏ သွင်းယူသော နှစ်ဂိုးတွင် ဆွန်ဟောင်မင်ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့ပြီး ဂျပန်မှ အူအဲဒါက ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သော်လည်း ဆွန်နှင့်အဖွဲ့ကို တားဆီးရန် နောက်ကျခဲ့သည်။

—Ref:Goal