ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဗဟိုအတိုင်ပင်ခံနှင့်အဖွဲ့ လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာတို့ရှိ ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများအား သွားရောက်တွေ့ဆုံ

 

(30-8-2018) နေ့ (16း00) နာရီအချိန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ အဘ ဦးအောင်သန်းထွဋ် (ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) သည် လောက်ကိုင်ခရိုင်ပါတီ ဥက္ကဌ ဦးခင်မောင်လွင်၊ ခရိုင်အတွင်းရေးမှူး ဦးလျိုမောင်မောင်နှင့် ကော်မတီဝင်များ လိုက်ပါပြီး လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာ တို့တွင် ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်အားပေးပြီး အိမ်ထောင်စု (၂၈) စု အတွက် အိမ်ထောင်စု (၁) စု လျှင် ယွမ်ငွေ (၅၀၀) နှင့် ဆန် (၂) အိတ်စီ ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Sai Kham Kaw