” ဖြိုး​စေတနာ ” သွားနှင့်​ခံတွင်း (အခမဲ့)နယ်​လှည့်​ ​ဆေးကုသ​ရေး​ဆောင်​ရွက်

 

ရန်​ကုန်​ သြဂုတ်​ ၂၉

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ၊ ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ မှ ဖြိုး​စေတနာ သွားနှင့်​ခံတွင်း ​ရောဂါများ နယ်​လှည့်​​ဆေးကုသ​ရေးအဖွဲ့သည်​ ယ​နေ့နံနက်​ ၉ နာရီ အချိန်​က ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ၊ အမှတ်​(၄၄) ရပ်​ကွက်​ရှိ မိဘပြည်​သူများအား အမှတ်​(၄၄) ရပ်​ကွက်​ စိတ္တသုခဓမ္မာရုံ၌သွားနှင့်​ခံတွင်း ​ရောဂါများအား အခမဲ့ကွင်းဆင်းကုသ​​ဆောင်​ရွက်​ခဲ့ပါသည်​။
အဆိုပါ​ဆေးကုသ​ရေးအဖွဲ့တွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ လူငယ်​လှုပ်​ရှားမှုတာဝန်​ခံ နှင့်​ ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ၊မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေါက်​တာ​ဇော်​လင်းပြုံး မှ ကုသ​ပေးခဲ့ပြီး မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ဦး​ကျော်​ထင်​၊ နယ်​​မြေတာဝန်​ခံ ​ဒေါ်မာလာရည်​လွင်​၊မြို့နယ်​ပါတီ​ကော်​မတီဝင်​ဦးမြင့်​ဦးနှင့်​ အမှတ်​(၄၄) ရပ်​ကွက်​ပါတီ​ဥက္ကဌ ​ဒေါ်လင်းလင်းစိုး၊ရပ်​ကွက်​ပါတီဥက္ကဌများနှင့်​ပါတီ​ကော်​မတီဝင်​များမှ ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့ကြပါသည်​။
ဒဂုံမြို့သစ်​ ​မြောက်​ပိုင်း မြို့နယ်​ ဖြိုး​စေတနာ သွားနှင့်​ခံတွင်း ​ဆေးကုသ​ရေးအဖွဲ့သည်​ ရပ်​ကွက်​များသို့ တစ်​လလျှင်​ နှစ်​ကြိမ်​ ကွင်းဆင်းကုသ ​ပေး​နေပြီး မြို့နယ်​ပါတီရုံးတွင်​လည်း အပတ်​စဉ်​ တနင်္လာ နှင့်​ ​သောကြာ​နေ့ တိုင်း ​ဆေးခန်းဖွင့်​လှစ်​၍ အခမဲ့ကုသ​ပေးလျှက်​ရှိ​ကြောင်း သိရှိရပါသည်​။

# Mlyl (North Dagon)