ရေကြီးနစ်​မြုပ်​မှုဖြစ်​​ပေါ်​နေသည့် သထုံမြို့နယ်​မှ ​ကျေးရွာအချို့အား သထုံပြည်​ခိုင်​ဖြိုးပါတီ လှူဒါန်းမှုများပြုလု

 

သထုံ၊ သြဂုတ်​ ၁

ဇူလိုင်​လ၏ ​နောက်ဆုံးပတ်​အတွင်း မိုးသည်​ထန်​စွာရွာသွန်းမှု​ကြောင့် မြစ်​​ရေများ အဆမတန်​မြင့်မားလာခြင်း​ကြောင့်​ မွန်​ပြည်​နယ်​ သထုံမြို့နယ်​ ဆင်​ကျုံး​ကျေးရွာ၊ ​ရွှေဘော်​ကုန်း​ကျေးရွာ၊ ​ဈေးမသွယ်​ထက်​​ကျေးရွာ၊ ဝီ​ယော်​​ကျေးရွာ၊ သိမ်​ဆိပ်​ရပ်​ကွက်​၊ ဆင်​ကျုံး​ကျေးရွာနှင့်​ ကြက်​တူ​ရွေး​တောင်​​ကျေးရွာများရှိ အိမ်​​ထောင်​စု ၄၀၇ စုနှင့်​ လူဦး​ရေ ၂၀၂၀ ဦး​ရေး​ဘေးဒုက္ခ ခံစားခဲ့ရသည်​။
အဆိုပါ ​ရေ​ဘေးသင့်​အိမ်​​ထောင်​စုများအတွက်​ သထုံမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဇူလိုင်​လ ၃၀ ရက်​​နေ့ နံနက်​ပိုင်းတွင်​ ​ရေသန့်​၊​ မားမား​ခေါက်​ဆွဲ​ခြောက်​၊ ငါး​သေတ္တာဗူးများ၊ ယိုးဒယား ​ဝေဖာမုန့်​ များအား သွား​ရောက်​လှူဒါန်းခဲ့​ကြောင်း သိရသည်​။
ထိုသို့သွား​ရောက်​လှူဒါန်းမှုများပြုလုပ်​ရာသို့ သထုံပြည်ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦး​ကျော်​မြင့်၊ အတွင်း​ရေးမှူး ဦး​စောဥာဏ်​ဝင်း၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ သထုံမြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​စောမျိုးမင်း​ဌေးနှ့င့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီဝင်​လူငယ်​များမှ သွား​ရောက်​လှူဒါန်းခဲ့ကြ​ကြောင်း သိရသည်​။