ကိုယ်ထူကိုယ်ထလမ်းခင်းရာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် အလှူငွေလှူဒါန်း

မိတ္ထီလာ မတ် ၁၇

မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ဆန်းနှင့်ကော်မတီဝင်များသည် မိတ္ထီလာမြိုနယ်၊ ဇရပ်ကုန်း ကျေးရွာအုပ်စု၊ လျော်ဖြူပင်ကျေးရွာအတွင်း ဝင်ရောက်သည့်လမ်းနှင့် ခရိုင်ချင်းဆက်လမ်းဆက်သွယ်သည့် ရွာအဝင်လမ်း ပေအရှည် ၁၄၀၀ ပေအား ကိုယ်ထူကိုယ်ထခင်းကျင်းနေရာသို့ သွားရောက်ပြီး လမ်းဖြစ်မြောက်ရေး အတွက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းငွေ ၁သိန်းကျပ်၊ မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းငွေ ၁သိန်းကျပ်၊ မိတ္ထီလာမြိုနယ်ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းငွေ ၁သိန်းကျပ်၊စုစုပေါင်း ၃သိန်းကျပ်အား လမ်းဖြစ်မြောက်ရေးကော်မတီ ရပ်မိ/ ရပ်ဖများထံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။