ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သင်တန်းဖွင့်လှစ်ရေးတွေ့ဆုံဆွေးနွေး

 

မကွေး ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံ ရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့် လှစ်နိုင်ရေးအတွက်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ချောက်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ကျင်းပခဲ့ သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင် ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌများ တက်ရောက်ကြ သည်။ အစီအစဉ်အရ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် အတွင်းရေး မှူး ဦးသန်းလှိုင်တို့က နိုင်ငံရေး သင်တန်းဖွင့်လှစ်ရန်ဆောင်ရွက်ထား မှုများအားရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာ သည့်ကော်မတီဝင်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများက သိရှိလိုသည်များ မေး မြန်းကြပြီး အစည်းအဝေးရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)