လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ရန်ကုန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အစည်းအဝေး ခန်းမတွင် လူငယ်ညီလာခံအား ယမန်နေ့မွန်းလွဲ ၁နာရီက အင်အား ၈၉ ဦးဖြင့်ကျင်းပပြီး အဆိုပါလူငယ်ညီလာခံအခမ်းအနားသို့ လှိုင်သာ ယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဇေယျာအောင်နှင့်မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများ၊ ပြည်ခိုင်ဖြိုးပါတီ လူငယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများက နိုင်ငံတော်သီချင်း သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာ အောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ် ညီလာခံတက်ရောက်ခဲ့သူ လသာမြို့နယ်မှ ပြည့်ဖြိုးမောင်က ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေမှန်များ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်ညီလာခံတက်ရောက်ခဲ့သူ လှိုင်သာ ယာမြို့နယ်မှ ဦးဝဏ္ဏထွန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ မိန့်ခွန်းများအား ထပ်ဆင့်ရှင်းလင်းပြော ကြားခဲ့သည်။

ထို့ပြင် လူငယ်ညီလာခံ၏ အတွေ့အကြုံများကို ဆက်လက်ရှင်း လင်းပြောကြားခဲ့ပြီး အခမ်းအနားကို အစိမ်းရောင်များနှင့် လွှမ်းနေ သည်သီချင်းဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)