ပုဇွန်တောင်မြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အထိမ်းအမှတ် သစ်ပင်များစုပေါင်းစိုက်ပျိုး

 

ရန်ကုန် ဇူလိုင် ၉

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနေ့အထိမ်းအမှတ် ကျောင်း သားကျောင်းသူများ၊ ဆရာဆရာမ များ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း နှင့်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၆ ကျောင်းတွင် တစ်ပြိုင်နက် တည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

”ကျောင်းသားကျောင်းသူ တွေကို မိမိပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းကိုရရှိစေရန် နဲ့ စုပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး အခုလို ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ ဒီလိုသီးပင်၊ စားပင်၊ လေကာပင်၊ အရိပ်ရပင် တွေကို စိုက်ပျိုးခြင်းဖြင့် သန့်ရှင်း လတ်ဆတ်တဲ့ အောက်ဆီဂျင်ကို တစ်ဖက်တစ်လမ်းကနေ ရရှိစေ သကဲ့သို့ မိမိပတ်ဝန်းကျင်သာယာ လှပပြီး မိမိကိုယ်တိုင်စိုက်ပျိုးထား တဲ့ သီးပင်စားပင်လေးတွေမှ အသီး အပွင့်တွေက အများအတွက် အကျိုး ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ထို့ပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းအားဖြင့် မိမိနဲ့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေမှာဖြစ်ပါ တယ်”ဟု ကျောင်းအုပ်ဆရာမ ကြီးတစ်ဦးက ပြောကြားသည်။

ထိုသို့ စိုက်ပျိုးရာတွင် အရိပ်ရ ပင်၊ လေကာပင်၊ ရာသီသီးနှံပင်၊ ပန်းအလှပင်၊ နှစ်ရှည်ပင်၊ ပရဆေး ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါကျောင်းများသို့ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအား ပေးခဲ့ကြသည်။