ပြည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေသခံတောင်သူကြီးများနှင့် တွေ့ဆုံ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပေါက်ခေါင်း ဇွန် ၎

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာ အလယ်စုမှ တောင်သူ လယ်သမားကြီးများနှင့် တွေ့ဆုံရန် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသိန်းစိုးနှင့် သက်ဆိုင်ရာ နယ်မြေတာဝန်ခံများ သွားရောက် ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် ဒေသခံတောင်သူကြီးများနှင့် ရေနွေးကြမ်းဝိုင်းဖွဲ့ကာ ပါတီဥက္ကဋ္ဌကြီး၏ ခရီးစဉ်မှ တောင်သူ ကြီးများနှင့် ပတ်သက်သည့် သဘောထား ဟောပြောမှုများ၊ နိုင်ငံရေးပါတီ ၂၄ ပါတီမှ အကြံပြုသဘောထားများ၊ လက်ရှိနိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ကြကြောင်း သိရသည်။

ဟန်ဝင်းရွှေ(ပေါက်ခေါင်း)