ဟောင်ကောင်ကို တရုတ်အစိုးရ ချုပ်ကိုင်မှုအား လူထောင်ချီ ဆန္ဒပြ

ဇူလိုင်လ ၁ ရက်နေ့က  ဟောင်ကောင်မှာ လူထောင်ချီပြီး ဟောင်ကောင်အား တရုတ်အစိုးရ ချုပ်ကိုင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

နှစ်စဉ်ကျင်းပမြဲ ဟောင်ကောင် ဒီမိုကရေစီ ထောက်ခံပွဲဟာ ဒီနှစ်တော့ ပါဝင်သူ အရေအတွက် အနည်းဆုံး အနေအထားတခုကို ရောက်ရှိခဲ့ပါတယ်။

ဆန္ဒပြသူတချို့က ဒီမိုကရက်တစ်လှုပ်ရှားမှု အမှတ်လက္ခဏာအဖြစ် အဝါရောင်ထီးတွေနဲ့ ချီတက်ကြရာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားခဲ့ပါတယ်။

အဲဒီဆန္ဒပြသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ဇနီးမောင်နှံတွေနဲ့ လူငယ်လူရွယ်တွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြသူတချို့ဟာ “တပါတီစနစ် အဆုံးသတ်ရေး၊ ဟောင်ကောင် ကျဆုံးခြင်း ဆန့်ကျင်ရေး” စတဲ့ ခေါင်းစည်း စာတန်းတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီ ဟောင်ကောင်ကျွန်းကို ဗြိတိန်အစိုးရက  တရုတ်အစိုးရထံ ပြန်လည် လွှဲပြောင်းခဲ့ပြီးနောက် တရုတ်အစိုးရက “တနိုင်ငံ စနစ်နှစ်မျိုး မူဝါဒ” နဲ့ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

DVB