ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ အောင်လံသစ်လွှင့်ထူ

 

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈း၃၀ နာရီအချိန်တွင် ပေါက်တောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီအလံသစ်အား စတင်လွှင့်ထူခဲ့ကြပါသည်။ အဆိုပါအလံသစ်လွှင့်တင်ပွဲသို့ ပြည်နယ်ကော်မတီ ဦးထွန်းအောင်ခိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့် ပါတီရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။