နိုင်ငံရေးအရ အသုံးချခံဖြစ်သွားခဲ့ရတဲ့ ဆာလာ

တနင်္လာနေ့က ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတချို့ကြောင့် အမေရိကန်နဲ့ ဥရောပမီဒီယာတွေအပြင် လူအခွင့်အရေး လှုပ်ရှားသူတွေကပါ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ဆာလာဟာ အီဂျစ်အသင်းနဲ့အတူ ဂရော့ဇ်နီမြို့မှာ အခြေစိုက်နေစဉ်အတွင်း ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇန်ခါဒီရော့ဗ်နဲ့ အတူ ကစားကွင်းထဲမှာ ဒေသခံပရိသတ်တွေကို လှည့်လှည် နှုတ်ဆက်ကာ လက်ချင်း ဆုပ်ကိုင်ပြီး ဓာတ်ပုံတွဲရောက်ခဲ့တာကြောင့် အင်တာနက်ပေါ်မှာ ဝေဖန်မှုတွေ အပြင်းအထန်ရှိခဲ့တာပါ။ ချေချင်းညာခေါင်းဆောင် ခါဒီရော့ဗ်ဟာ မွတ်ဆလင် အစွန်းရောက် တစ်ဦးဖြစ်ပြီး ရုရှားအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ချေချင်းညာဒေသမှာ လူအခွင့်အရေးချိုးဖောက်မှုများစွာအတွက် စွပ်စွဲခံထားရသူပါ။

ခါဒီရော့ဗ်ဟာ သူ့ရဲ့ဒေသအတွင်း နှိပ်စက်ညှင်းပန်းမှု၊ တရားမ၀င်သတ်ဖြတ်မှုတွေနဲ့ Gay တွေကို သုတ်သင် ရှင်းလင်းမှုတွေ လုပ်ခဲ့တဲ့အပြင် အစွန်းရောက်စည်းမျဉ်းတွေနဲ့ လူအခွင့်အရေးချိုးဖောက်မှုများစွာ လုပ်ထားခဲ့တာ ကြောင့် အမေရိကန်နဲ့ ဥရောပအစိုးရတွေက အစွန်းရောက်တစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

သတင်းတွေအရတော့ ဆာလာဟာ သူ့ရဲ့ဟိုတယ်ခန်းမထဲမှာရှိနေစဉ်အတွင်း ဧည့်သည်ရောက်လာတယ်ဆိုလို့ သွားရောက်တွေ့ဆုံရာမှာ ခါဒီရော့ဗ်နဲ့ဆုံတွေ့တာဖြစ်ပြီး ခါဒီရော့ဗ်ရဲ့ ဖိတ်ခေါ်မှုကြောင့်ပဲ ဒေသခံပရိသတ်တွေကို နှုတ်ဆက်ဖို့ လေ့ကျင့်ရေးကွင်းကိုသွားရောက်ခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီမှာ ခါဒီရော့ဗ်က ဆာလာကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံပြပြီး ကစားသမား ရဲ့ပုံရိပ်ကိုအသုံးချကာ သူ့ရဲ့ပုံရိပ်ကိုပါမြှင့်တင်သွားခဲ့တာပါ။

အမေရိကန်သတင်းတချို့မှာတော့ မွတ်ဆလင်တစ်ဦးပဲဖြစ်တဲ့ ဆာလာအနေနဲ့ အစွန်းရောက်တွေနဲ့ ပတ်သက် ဆက်နွယ်မှု မရှိအောင် သတိထားနေထိုင်သင့်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

 

TheOneSportsJournal