ပြည်ခိုင်ဖြိုးပါတီ အရည်အချင်းမရှိဘူးလို့ ရေးသားပြောကြားမှုများကို လုံးဝငြင်းပယ်ကြောင်းနှင့် လူထုအား လမ်းပေါ်စွဲတင်တဲ့ အလုပ်မျိုး မလုပ်ကြောင်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးက တုန့်ပြန်ပြောကြား လိုက်ပါတယ်…

(၂၁.၅.၂၀၁၈) ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ (ရန်ကုန်တောင်ပိုင်းခရိုင်) ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌကြီးက ယခုလို တုန့်ပြန်ပြောကြားလိုက်တာပါ..။ နိုင်ငံတော်မှာ အင်အားကြီးပါတီကြီး နှစ်ခု ရှိကြောင်း မှတ်ပုံတင်ထားတဲ့ပါတီပေါင်းက ၉၀ ကျော်ရှိကြောင်း ထိုအထဲမှာ မိမိတို့ပါတီ(ပြည်ခိုင်ဖြိုး) က အင်အားအများဆုံးလို့ ပြောလို့ရပါကြောင်း။ လွန်ခဲ့တဲ့ ၅ နှစ်ကလည်း နိုင်ငံတော်ကို အစိုးရအနေဖြင့် တာဝန်ယူခဲ့ တာ အားလုံးအသိဖြစ်ပါကြောင်း။

ဒီနေ့ NLD ပါတီဟာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရအဖွဲ့ ဖွဲ့နိုင်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ကြောင်း။ ဒီအခြေအနေမှာ Facebook ပေါ်မှာ ရေးနိုင်သားနိုင်တဲ့ ရေးတတ်သားတတ်တဲ့သူ နဲနဲပါးပါးပြောနေတဲ့ ပြောဆိုမှု တွေ ဘာတွေရှိလဲဆိုရင် – ဒီနေ့ မိမိတို့ပါတီက အတိုက်အခံကောင်းကောင်း မလုပ်တတ်ဘူး။ လူထုကို ဦးဆောင် ရမည့်အချိန်မှာ ဦးမဆောင်ရဲဘူး စသည်အားဖြင့် ပြောတာရှိပါကြောင်း..။

နိုင်ငံတော်ကို တာဝန်ယူနေတဲ့ပါတီကိုကြတော့၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တုံန်းကတော့ မစားရ ၀ကမန်း ကတိတွေ ပေးလိုက်တာ အာဏာရရင်ဘဲ ချက်ချင်း မိုးပျံသွားတော့မယ်လို့ ပြောပြီးတော့ ဒီနေ့ လက်တွေ့လုပ်တဲ့ နှစ်နှစ်အတွင်းမှာ အိုးနင်းခွက်နင်းဖြစ်တာကြတော့ ဒီပါတီလည်း သုံးလို့ မရဘူး။

ဒါကြောင့်မို့လို့ ပါတီကြီးနှစ်ခုအပေါ်မှာ အယုံအကြည်မရှိဘူး။ ပါတီတွေဟာ  အရည်အချင်းမရှိဘူး စသည်အားဖြင့် ဒီလိုဝေဖန်တာတွေ ရှိပါကြောင်း။ အဲ့ဒီဝေဖန်ချက်သည် မြန်မာနိုင်ငံမှာရှိတဲ့ သန်းပေါင်း ၆၀ နီးပါးရဲ့ ဝေဖန်မှု မဟုတ်ပါကြောင်း။ အဲ့ဒီလိုမဟုတ်လို့လည်း ဒီနေ့ ဒီဒေသမှာ (ကွမ်းခြံကုန်း၊ဒလ၊ ကော့မှုးသုံးမြို့နယ်) အင်တိုက်အားတိုက် ပါတီဝင်လာကြတာဖြစ်ပါကြောင်း အလားတူ နိုင်ငံအနှံ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့ မြို့ ရွာ၊ ရပ်ကွက်၊ ကျေးရွာအနှံ့ မိမိတို့ပါတီ (ပြည်ခိုင်ဖြိုးပါတီ) ကို ယုံကြည်အားကိုးစွာဖြင့် တစ်ဖွဲဖွဲ ပါတီဝင်လာကြတာဖြစ်ပါကြောင်း။ တစ်ယောက်နှစ်ယောက်လောက်က Facebook ပေါ်မှာ ဟိုးရေး ဒီရေး ရေးတတ်တဲ့သူ ရေးနိုင်တဲ့သူတွေ ရေးနေ တဲ့ မိမိတို့ပါတီ အရည်အချင်းမရှိဘူးလို့ ရေးသားပြောကြားမှုများကို မိမိပါတီဥက္ကဋ္ဌအနေဖြင့် လုံးဝငြင်းပယ်ပါတယ် ဟု တုန့်ပြန်လိုက်ပါတယ်…။

ဆက်လက်ပြီး ပါတီဥက္ကဋ္ဌက ပြောကြားရမှာ – မိမိတို့ပါတီမှာ အရည်အချင်း အရည်အသွေးပြည့်ဝတဲ့ပုဂ္ဂိုလ်တွေ အပြည့်အ၀ရှိပါကြောင်း။ နိုင်ငံတာဝန်တွေကို အောင်အောင်မြင်မြင်နှင့် လုပ်ခဲ့ဘူးပါတယ်။ အဲ့ဒီလုပ်ခဲ့တဲ့ အတွေ့အကြုံတွေနှင့် ဒီနေ့ အာဏာရအစိုးရကို ဒီနေ့ လိုအပ်တဲ့အပိုင်းတွေကို တိတိကျကျပြောနေပါကြောင်း။ ဒါတွေမလုပ်သင့်ဘူး။ ဒါတွေလုပ်ရမယ်..။ သို့သော် ဒီလိုပြောတဲ့ဟာကို မလုပ်ရကောင်းလားဆိုပြီး မိမိတို့က လူထုကို လမ်းပေါ်စွဲတင်တဲ့ အလုပ်မျိုးတော့ မလုပ်ဘူးဟု ပြောကြားခဲ့ပါတယ်။

အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပေးသွားပါ့မယ်ခင်ဗျာ. ရေးသားဖေါ်ပြသူ – ဦးသိန်းထွန်းဦး (ပြည်ခိုင်ဖြိုးပါတီ)