ရခိုင်​​ဒေသကမွတ်​စလင်​များ သုံးစွဲခြင်းကို ပြည်ခိုင်ဖြိုးပါတီ ပြင်းထန်စွာကန့်ကွက်

 

ရန်​ကုန်၊​ ​မေ ၁၅

ရခိုင်​​ဒေသမွတ်​စလင်​များလို့သုံးစွဲခြင်းကို ပြင်းထန်​စွာကန့်​ကွက်​တယ်​လို့ ရန်​ကုန်​တိုင်း ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီ​ ဒေါ်​အေးမင်းမိုး(တိုင်းပါတီဘဏ္ဍာ​ရေးမှူး)က ဒီက​နေ့​ပြောဆိုလိုက်​ပါတယ်​။
ရန်​ကုန်​တိုင်းပြည်​ခိုင်​ဖြိုးပါတီရဲ့ အစည်းအ​ဝေးခန်းမမှာ ဒီ​နေ့ ​မေ ၁၅ ရက်​ နေ့လယ် ၁နာရီအချိန်​ကပြုလုပ်​ခဲ့တဲ့ တိုင်းပါတီတာဝန်​ရှိသူများနဲ့ မီဒီယာများ​တွေ့ဆုံပွဲမှာ မီဒီယာများရဲ့​မေးမြန်းမှုကို​ ဖြေကြားခဲ့တာပါ။
“ဘင်္ဂလီဆိုတာ ဘင်္ဂလား​ဒေရှ့်ကို ကိုယ်​စားပြုတာ​လေ ၊ မူလဇာတိ​ဒသ(Country of Origin) ကို​ဖျောက်​ဖျက်​​ပေးရာ​ရောက်​တယ်​၊ ​နောက်​ပြီး နိုင်​ငံမဲ့များဆိုင်​ရာ ကွန်​ဗင်းရှင်း (State Less Convention) အရ လက်ခံထားတဲ့နိုင်​ငံ မြန်​မာနိုင်​ငံက အဆုံးစမရှိလက်ခံရမယ့်​ ရလဒ်​လို့ ခံစားရတယ်​” လို့ ​ဒေါ်​အေးမင်းမိုးက ဆိုပါတယ်​။
ဆက်​လက်​ပြီးလူမျိုး​ရေးနဲ့ ဘာသာ​ရေး​အမည်​တပ်​သုံးစွဲတဲ့အ​ပေါ်​ဒေါ်​အေးမင်းမိုးက”မွတ်​စလင်​အသိုင်းဝိုင်းလို့ သုံးလိုက်​တဲ့အတွက်​လည်းအနှစ်သာရက အများကြီးကွာခြားသွားတယ်​၊ ​ဘာသာ​ရေးကို အခြေခံပြီးကမ္ဘာ​ပေါ်ရှိ အစ္စလမ်​များကဖိအား တွေ​ပေးလာတယ်​၊ ဒါ​ကြောင့်​ဘင်္ဂလား​ဒေ့ရှ်​ ကလာတဲ့အတွက်​ ဘင်္ဂလီလူမျိုးဆိုတာကိုပဲ လက်ခံမယ်​၊ရခိုင်​​ဒေသမွတ်​စလင်​များလို့ သုံးစွဲခြင်းကို ပြင်းထန်​စွာကန့်​ကွက်​တာပါ”လို့ ဆက်​​ပြောပါတယ်​။
ထို​တွေ့ဆုံပွဲမှာ ကဏ္ဍအလိုက်​ကိစ္စများကို ရန်​ကုန်​တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်​ရှိသူများဖြစ်​တဲ့ တိုင်းပါတီ​ကော်​မတီ၊ သတင်းမီဒီယာတာဝန်​ခံ​ ဒေါက်​တာ​ကျော်​စိုး၊ တိုင်းပါတီ​ကော်​မတီ၊ ဘဏ္ဍာရေးမှူး​ဒေါ်​အေးမင်းမိုး၊ တိုင်းပါတီ​ကော်​မတီ ဦးခင်​​မောင်​တင့်​ တို့က ရှင်းလင်း​ဖြေကြားခဲ့ပါတယ်​။
အဆိုပါပွဲဟာ ရန်​ကုန်​မြို့သံလွင်​လမ်းရှိ ပြည်​ခိုင်​ဖြိုးရုံးချုပ်​ခန်းမမှာ ဧပြီ ၂၇ရက်က ပြုလုပ်​ခဲ့တဲ့ (၂၇)ပါတီတွေ့ဆုံပွဲမှာ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အထွေထွေ အရပ်ရပ်အခြေအနေများနှင့်စပ်လျဉ်းပြီး နိုင်ငံရေးပါတီ ၂၇ပါတီ၏ သဘောထားအမြင်များနှင့် ပြည်သူ့ အတွက် လိုလားချက်များကို ထပ်​ဆင့်​ရှင်းလင်းတဲ့ပွဲဖြစ်​ပြီး နိုင်ငံတော်သမ္မတထံကို အိတ်ဖွင့်ပေးစာတစ်စောင် (စာမျက်နှာ ၂ ခု ဖော်ပြထား) ပေးပို့ထားခဲ့ကြောင်း သိရသည်။

By – မြတ်​ဟိန်း​ကျော်​(​ကော့မှူး)
MUNA