သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်စာတမ်းဖတ်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် လူငယ်ပါတီဝင် ၇၃ဦးတို့သည် ယနေ့နိုင်ငံရေး အခြေအနေ အမျိုးသားနိုင်ငံရေးကိစ္စ(၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီပြဿနာများနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ခေါင်းစဉ်များဖြင့် လူငယ်စာတမ်းဖတ်ဆွေး နွေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

၎င်းအခမ်းအနားသို့ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ပါတီနာယက နှင့်အကြံပေးများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၁၂ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။

TKA(သာကေတ)