စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှိးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မုံရွာမြို့ မြစန္ဒာခန်းမတွင် ကျင်းပသည်။

ပထမပိုင်းတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်း သီဆိုခြင်းနှင့်အခမ်းအနားဖွင့်လှစ်ပီး ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက အမှာစကားပြော
ကြားသည်။ ထို့နောက် တိုင်းဒေကြီးပါတီဥက္ကဌ ဒေါက်တာဦးမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည် ဆက်လက်ပြီး တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဌဦးအောင်
ကိုစံက လူငယ်ရေးရာကော်မတီ၏ကျင်းပပြုလုပ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပထမပိုင်းအခမ်းအနားပြီးစီးသည်။
ဒုတိယပိုင်းတွင် တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များက
၁။နိုင်ငံရေးမျိုးဆက်သစ်
၂။ပါတီလူငယ်များနှင့်ဝန်းရံလူငယ်များစုစည်းခြင်း
၃။လူငယ်များပေါင်းစည်းမှုကွန်ယက်
၎။လူငယ်စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး
၅ ။လူငယ်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ
၆။ပညာရပ်ဆိုင်ရာနှင့်လူငယ်ကဏ္ဍမြင့်တင်ရေး
၇။လူငယ်နှင့်သတင်းမီဒီယာဏ္ဍ
ခေါင်းစဉ်များဖြင့် အစုအဖွဲ့လိုက်ဆွေးနွေးခြင်း |မှတ်တမ်းတင်ခြင်း|ဖတ်ကြားတင်ပြခြင်းများ ပြုလုပ်ကြသည်။ တတိယပိုင်းတွင် တိုင်းဒေသကြီးကော်မတီဝင် ဦးအောင်ကိုစံက တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှုအဖွဲဝင်များ ရွေးချယ်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှုအဖွဲ့ဝင်များကို ဆန္ဒမဲပေးရွေးချယ်သည်။
စတုတ္ထပိုင်းတွင် တိုင်းဒေသကြီးကော်မတီဝင်ဦးအောင်ကိုစံက ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ထိုနောက် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာ ဦးမြင့်သိန်းက အမှာစကားပြောကြား
ပြီး တိုင်းဒေသကြီးတာဝန်ခံ ဗဟို အလုပ်အမှုဆောင်ဦးမြင့်စိုးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များက ပြည်ခိုင်ဖြိုး လူငယ်သီချင်းနှင့်ဇာတိမာန်
သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနားကို ညနေ၄:၃၀ မိနစ်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားကို ဗဟိုအလုပ် အမှုဆောင် ဦးမြင့်စိုး ၊တိုင်းပါတီဥက္ကဌ ဒေါက်တာ ဦးမြင့်သိန်း တိုင်းဒေသကြီးပါတီကော်မတီဝင်းများ ခရိုင်မြို့နယ်ပါတီဥက္ကဌများ မြို့နယ်များမှလူငယ်ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၅၂၀ ဦး တက်ရောက်ခဲ့ကြပါသည်။