ရန်ကုန်ဘတ်(စ်)ကား ငွေပေးချေမှုကို ကတ်စနစ်ဖြင့်အသုံးပြုနိုင်ရန် ဆောင်ရွက်နေ

 

ရန်ကုန်မြို့တွင်း ဘတ်(စ်)ကားတွေရဲ့ငွေပေးချေမှုကို ကတ်စနစ်နဲ့ပေးနိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မေလ ၇ ရက်ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကနေ သိရတာ ဖြစ်ပါတယ်။

ရန်ကုန်ဘတ်(စ်)ကား ဝန်ဆောင်မှုအတွက် ယာဉ်စီးခပေးချေမှုကို ကတ်စနစ်ပေးချေနိုင်ဖို့အတွက် ဆောင်ရွက် နိုင်မယ့် ကုမ္ပဏီကိုရွေးချယ်ပြီးတော့ အမြန်အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်နေ တယ်လို့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်မှုစနစ် တစ်ရပ်လုံးကို ပြောင်းလဲကာ မြို့ပြဖွံ့ဖြိုးမှုကို စဉ်ဆက်မပြတ် တိုးတက် အောင် ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့နှင့်တကွ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပါတယ်။

-အောင်သက်ကို