ကျွန်တော်ထားတဲ့ လေးစားမှုရဲ့ ၅၀%ပဲ ပြန်လေးစားမှုပေးရင် သူနဲ့ ကျွန်ေတာ်မိတ်ဆွေဖြစ်နိုင်ပါတယ်

မန်ယူနည်းပြမော်ရင်ညိုက အနာဂတ်တွင် အာစင်ဝင်းဂါးနှင့် မိတ်ဆွေဖြစ်နိုင်သည်ဟု ဆိုလိုက်သည်။ မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့မှာ ပရီးမီးယားလိဂ်တွင် ပြင်းထန်သည့်ပြိုင်ဆိုင်မှုများနှင့် ကြီးမားသည့် ရန်သူများအဖြစ် မကြာခဏထိပ်တိုက်တွေ့ဆုံခဲ့သည့်သမိုင်းများ ရှိခဲ့ကြသည်။

မောရင်ညိုက ” ကျွန်တော်သူ့အပေါ်ထားတဲ့ လေးစားမှုရဲ့ ၅၀%လောက်ပဲ ကျွန်တော့်အပေါ်ပြန်ပေးမယ်ဆိုရင် အနာဂတ်မှာ သူနဲ့ ကျွန်တော်မိတ်ဆွေဖြစ်နိုင်ပါတယ်။ ကျွန်တော်သူ့အပေါ် အများကြီး လေးစားမှုထားပါတယ်။ သူ့အနေနဲ့ အာဆင်နယ်မှာ လုပ်ဆောင်ခဲ့တာတွေ၊ ချန်ပီယံဖြစ်ခဲ့တာတွေ အပေါ်မှာ အများကြီးလေးစားခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ ကျွန်ေတာ်ပရီးမီးယားလိဂ်ကို ရောက်လာတော့ သူ့ဆီ ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ခိုးယူချင်ခဲ့တယ်။ ဒါက ဘောလုံးလောကရဲ့ထုံးစံပါ။ နောက်ဆုံး ကျွန်တော်သူ့အပေါ် အများကြီးလေးစားခဲ့တယ်။ ကျွန်တော့ရဲ့ နည်းပြဘ၀ တစ်လျှောက်မှာ အခြားသော ပြဿနာတွေနဲ့ ကွဲလွဲမှုတွေ မရှိစေချင်တာကြောင့်လည်း နောက်ပိုင်းနှစ်တွေမှာ သူ့အပေါ်လေးစားမှု ထားတယ်ဆိုတာကို ပြသဖို့ကြိုးစားခဲ့တယ်” ဟုပြောသွားခဲ့သည်။

သို့သော်လည်း ရာသီကုန်တွင် အာဆင်နယ်အသင်းမှ ထွက်ခွာမည့်အပေါ်တွင် ၀မ်းနည်းစကားဆိုခဲ့ပြီး မန်ယူနည်းပြဟောင်း ဖာဂူဆန်အနားယူသွားစဉ်ကကဲ့သို့ ခံစားရမိသည်ဟု ပြောသွားခဲ့သည်။

ထို့အပြင် အာစင်ဝင်ဂါးမှာ ပရီးမီးယားလိဂ်၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကြောင့် ၄င်းကို ဆုံးရှုံးရခြင်းက ကြီးမားသည့်အရာတစ်ခုကို ဆုံးရှုံးရသလိုခံစားရသည်ဟု ပြောသွားခဲ့သည်။

 

-Ref; Sk sports