မရမ်းကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး ၍ နွေရာသီအင်္ဂလိပ်စာ (Basic Grammar Sunmer Camp) သင်တန်း(၁/၂ဝ၁၈)ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် (၁)လမ်းရှိရပ်ကွက်ပြည်ခိုင်ဖြိုး ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမင်းသိန်းထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

သင်ကြားပေးမည့် အထက်တန်းပြဆရာမ ဒေါ်ရီရီမြင့်(ခေါ်)ဒေါ်ရွှေရည်က ”ကျွန်မ အဓိက ပြောခြင်တာကကလေးတွေအပေါ်ထားတဲ့စေတနာ မေတ္တာပါ၊ အပြင်မှာ ကျွန်မက ရှစ်တန်း၊ ကိုးတန်း၊ ၁ဝ တန်းကို အင်္ဂလိပ်စာကျူရှင်ပြတော့ အထက် တန်းကလေးတွေမေးလို့ရှိရင်ဘာမှမရဘူးအခြေခံညံ့ တယ်။ ဒါနဲ့လေးတန်းစာပြန်ကောက်ပြီး သင်ရ တယ်၊ ဒါကြောင့် နွေရာသီကျောင်းအားရက် လေးတန်း၊ ငါးတန်း၊ ခြောက်တန်းတွေကိုအခြေခံGrammar သင်ပေးခြင်တာပါ။ နောက်မိဘတွေ အတွက်ပါ ခေတ်ကာလအခြေအနေက အရွယ် မရောက်သေးတဲ့ ကလေးတွေတောင်အပြင်အသွား အလာဆင်ခြင်နေရတယ်။ ကုန်ဈေးနှုန်းကြီးမြင့်တာ တွေအထွေထွေကျပ်တည်းမှုတွေကြောင့်ကျောင်းသား မိဘတွေ စိတ်လက်ပေါ့ပါးအောင် ကူညီစေလိုတဲ့ သဘောထိန်းကျောင်းပေးတဲ့ သဘောဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးအားနဲ့ သင်တန်း သား ၅ဝ တက်ရောက်မယ်လို့ သိရပါတယ်။ ဒီနေ့ကစသုံးလတိတိနေ့စဉ် မွန်းလွဲ ၃ နာရီ ကနေ ညနေ ၅ နာရီထိနှောင်ကြိုးမဲ့ ပညာဒါနအရင်းခံ သင်ကြားပေးဖို့ဆန္ဒပြုထားပါတယ်”ဟုပြောသည်။
အဆိုပါသင်တန်းသို့ တက်ရောက်လာသော မိဘကိုယ်စားလှယ် ဒေါ်ဇင်မေမာနှင့် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတို့က ကျေးဇူး တင်စကားပြောကြားကြကာ သင်တန်းအတွက် စာရေးကိရိယာ အင်္ဂလိပ်စာအထောက်အကူပြုပုံနှိပ် စာရွက်စာတမ်းများ အခမဲ့ထောက်ပံ့ပေးဝေငှခဲ့ကြ ကြောင်း သိရသည်။

အေးကြည်မ