နွားထိုးကြီးမြို့နယ်​၊ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ကျင်းပ​သော ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့်​ ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်းဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​တက်​​ရောက်​အား​ပေး

 

(၁၅.၂.၂၀၁၈)ရက်​​နေ့ (၁၀း၀၀)အချိန်​တွင်​ နွားထိုးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​ကွက်​/​ကျေးရွာအုပ်​စု ဥက္ကဌများအားတာဝန်​​ပေးအပ်​ပွဲနှင့် ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲကျင်းပပြုလုပ်​ရာ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီကော်​မတီဝင်​များ၊ ​​မြင်းခြံခရိုင်​ပါတီဥက္ကဌ ဦး​​ကျော်​တင်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ နွားထိုးကြီးမြို့နယ်​ပါတီဥက္ကဌ ဦးကြည်​​ဖေနှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌအဖြစ်​တာဝန်​​ပေးအပ်​ခံရသူများ၊ ပြည်​ခိုင်​ဖြိုးပါတီသို့ဝင်​​ရောက်​မည့်​ပါတီဝင်​အသစ်​များတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်နှင့် တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​တို့မှ အဖွင့်​အမှာစကား​ပြောကြားကာ မြို့နယ်​ပါတီဥက္ကဌမှ​ဒေသဆိုင်​ရာအချက်​အလက်​များအားတင်​ပြခဲ့ပါ သည်​။

ထို့​နောက် ရပ်​/​ကျေးဥက္ကဌများအား တာဝန်​​ပေးအပ်​လွှာများ​ပေးအပ်​ခဲ့ပြီး ပါတီဝင်​​အသစ်​(၃၆၉)ဦးကိုယ်​စားပါတီဝင်​များမှအဆိုပြုလွှာများ​ပေးအပ်​ခဲ့ကာ ပါတီဝင်​တစ်​ဦးမှ​ကျေးဇူးတင်​စကားပြန်​လည်​​ပြောကြားခဲ့​ကြောင်းသိရှိရပါသည်​။

#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး