(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ မီနီမာရသွန်အပြေးပြိုင်ပွဲ ကျင်းပခြင်း

 

တောင်သာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆုချီးမြှင့်သော (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၀၆း၀၀ နာရီက စတင်ကျင်းပခဲ့ပြီး အမျိုးသားပြိုင်ပွဲဝင်များကို သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့မှ တာလွှတ်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲဝင်များကို တံငါကျင်းကျေးရွာထိပ်မှ တာလွှတ်ခဲ့ပါသည်။

အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်များအားလုံး မြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ပန်းဝင်ခဲ့ပါသည်။ ပြိုင်ပွဲဆုရရှိသူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေး     တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းညွန့်​၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇော်ဦး၊ မြို့နယ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းတို့မှ ဆုရရှိသူများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို နေ့လည် ၁၁း၀၀ နာရီချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ကျော်ကိုလင်း(တောင်သာ)