စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာ မွမ်းမံသင်တန်း (၁/၂၀၁၈)

(၉.၁.၂၀၁၈) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ဗဟိုကော်မတီဝင် စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်မှ နိုင်ငံတော်၏ စီးပွားရေးအခြေအနေ နှောင့်နှေးရပ်တန့်ကျဆင်း သွားရခြင်းအကြောင်းရင်းများ ယခင်/ယခုပြည်တွင်း/ပြည်ပ ဈေးကွက်ရှာဖွေဖော်ထုတ် ရောင်းလိုအားဝယ်လိုအား ပို့ကုန်/သွင်းကုန်ကွာဟမှုများ ရင်နှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေစည်းကမ်း အားပျော့မှု ငွေကြေးစီဆင်းလည်ပတ်မှု  မညီမျှမှုများ ဆွေးနွေး ပို့ချပေးခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ ဒေါ်ကျော့ယဉ်ဝင်းမှလည်း နိုင်ငံအရေး နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး ပါတနိုင်ငံရေး ပြည်သူနှင့် တိုင်ပြည်နိုင်ငံရေးများကို ရှင်လင်းဆွေးနွေး ပိုချပေးသွားပါသည်။ ပြည်ခိုင်ဖြိုး မောင်မယ်လူငယ်များမှ ဇာတိသွေး ဇာတိမာန် မျိုးချစ်စိတ်ကို အခြေခံ၍ အမျိုးဘာသာသာသနာနှင့် အချုပ်အခြာအာဏာတို့ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ကြပြီး အေးချမ်းသာယာ ခေတ်မှီသော ပြည်ထောင်စုဒီမိုကရေစီ နိုင်ငံသစ်ကို လမ်းဖောက် မျိုးစေ့ချ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း ရှေ့ဆက်လက် ဆောင်ရွက်သွာကြရမှာဖြစ်ပါသည်။

လင်း ခေတ်သွေး