ရုရှားကို တုံ့ပြန်ခြင်းအဖြစ် ပင်လယ်နက်တွင် နေတိုးတပ်ဖွဲ့သစ် စတင်ဖွဲ့စည်း

၂၀၁၄ က ခရိုင်းမီး ယားဒေသကို ကရင်မလင်အစိုးရ က ၎င်းတို့ပိုင်နက်ထဲ သွတ်သွင်းပြီးနောက် ပင်လယ်နက် တွင် ကြီးထွားလာသော ရုရှားအင်အား ကန့်သတ်ရန်နှင့် နေတိုးအဖွဲ့၏ အရှေ့ဘက်ခြမ်း တစ်လျှောက် ရုရှားကို တုံ့ပြန်ရေး နောက်ဆုံး ဆောင်ရွက်မှုအဖြစ် နေတိုးအဖွဲ့ က ရိုမေးနီးယားနိုင်ငံတွင် တပ်ပေါင်းစု တပ်ဖွဲ့သစ် ဖွဲ့စည်းပေးခဲ့သည်။

ရိုမေးနီးယားနိုင်ငံ ဘူချာရက်မြို့ နေတိုးအဖွဲ့လွှတ်တော်ညီလာခံအစည်းအဝေးသို့ ရောက်ရှိလာသော နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုလ်တင်ဘာ့ဂ်နှင့် ရိုမေးနီးယားသမ္မတ ကလော့စ်အိုင်အိုဟန်းနစ်ကို တွေ့ရစဉ် (reuters)

‘‘ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးဖြစ်ပါတယ်။ စစ်ပွဲမဟုတ် ပါဘူး’’ဟု ဘူချာရက်မြို့တွင် ပြုလုပ်သော နေတိုးအဖွဲ့ လွှတ်တော်ညီလာခံ အစည်းအဝေး၌ ရိုမေးနီးယား သမ္မတ ကလော့စ်အိုင်အိုဟန့်နစ် က ပြောသည်။

ရုရှားက နေတိုးအဖွဲ့သည် ၎င်းတို့နိုင်ငံကို ပတ်ဝိုင်းရန် ကြိုးစားနေပြီး ဥရောပအရှေ့ပိုင်း၏ တည်ငြိမ်မှုကို အန္တရာယ်ပြုနေကြောင်း စွပ်စွဲပြီး နေတိုးအဖွဲ့က ငြင်းဆိုထားသည်။ ပင်လယ်နက်တစ်ဝန်း ရိုမေးနီးယား၊ ဘူလ်ဂေးရီးယားနှင့် တူရကီတို့သည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ဂျော်ဂျီယာနှင့် ယူက ရိန်းသည် အဖွဲ့ဝင်ဖြစ်ရန် ကြိုး ပမ်းနေသည်။

နေတိုးအဖွဲ့က အသစ်ချထားသော တပ်ဖွဲ့အင်အား အသေးစိတ်ကိုမူ မသိရပေ။ နေတိုးအရာရှိများက ကြည်းတပ် တွင် တပ်မအရွယ် နိုင်ငံတ ကာ နေတိုးတပ်ဖွဲ့တစ်ဖွဲ့ ပါဝင် သည်ဟု ပြောသည်။ အစဉ်သဖြင့် ယင်းအရွယ်အစား တပ်တစ်တပ်တွင် တပ်ဖွဲ့ဝင် ၃,၀၀၀ မှ ၄,၀၀၀ အထိပါဝင်သော်လည်း ရိုမေးနီးယား တပ်ဖွဲ့ဝင် မဟုတ်သော တပ်ဖွဲ့ဝင် ထည့် သွင်းမှု နည်းပါးသည်။

နေတိုးအဖွဲ့၏ ပင်လယ်နက် ရေတပ်ကင်းလှည့်ခြင်းအပြင် ရေပြင်၌ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား ဆိပ်ကမ်းများသို့ လာရောက်သည့် မဟာမိတ်များ ပါဝင်မည်ဖြစ်ပြီး လေ့ကျင့်မှုများ တိုးမြှင့်ပြုလုပ်မည်ဖြစ်သည်။

ဗြိတိန်က ရိုမေးနီးယားသို့ တိုက်လေယာဉ်များ ချထားပြီး ကနေဒါက ရိုမေးနီးယားလေပိုင်နက်၌ ကင်းလှည့် နေကာ အီတလီက ဘူလ်ဂေးရီးယားလေပိုင်နက်ကို ကင်းလှည့်စောင့်ကြပ်နေသည်။

— Ref: Reuters