မက်ဆီ၊ ရော်နယ်လ်ဒိုတို့နှင့် နှိုင်းယှဉ်၍ ဟယ်ရီကိန်းကို မန်ယူ နောက်ခံလူဟောင်း ဖာဒီနန် ချီးကျူးပြောကြား

မန်ယူအသင်း၏ နောက်ခံလူဟောင်း ဖာဒီနန်က စပါး အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို မက်ဆီ၊ ရော်နယ်လ်ဒိုတို့နှင့် နှိုင်းယှဉ်၍ ချီးကျူးပြောကြားခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အေပိုးလ် အသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြ hat-trick သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းကို ဖာဒီနန်က ယခုကဲ့သို့ ချီးကျူးပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါး အသင်းရဲ့ ပြိုင်ပွဲအရပ်ရပ်မှာ (၆)ကြိမ်မြောက် hat-trick ကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ “သူဟာ ပုံစံပေါင်းစုံနဲ့ သွင်းဂိုးတွေကို သွင်းယူနေပါတယ်။

သူဟာ ပြိုင်ဘက်နောက်ခံလူတွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ” ဟု ဖာဒီနန်က ချီးကျူးပြောကြားခဲ့တာ ဖြစ်ပါတယ်။

-Ref; Sky sports