ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက် ရပ်တည်နေဆဲဖြစ်တဲ့ စပိန်တင်းနစ်သမား နဒါးလ်

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ယခုတပတ်အတွက် အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်ဟာ ကမ္ဘာ့နံပါတ် (၁) နေရာကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

ဂရင်းစလင်းချန်ပီယံ ၁၆ ကြိမ်ရ နဒါးလ်ဟာ ဒုတိယနေရာမှ  ဆွစ်ဇလန်တင်းနစ်သမား ရော်ဂျာ ဖက်ဒရာနှင့် တတိယနေရာမှ ဗြိတိန်ကစားသမား အန်ဒီမာရေးကို ကမ္ဘာ့အဆင့်ဇယားမှာ ဦးဆောင်ခဲ့ပါတယ်။

အဆင့် ၄ နှင့် ၅ နေရာတို့မှာ ဂျာမနီမှ အလက်ဇန်းဒါး ဇက်ဗဲယာနှင့် ခရိုအေးရှားမှ မာရင်း ဆီလက်တို့ အသီးသီးရပ်နေတာကြောင့် ဒီတပတ် အဆင့်သတ်မှတ်ချက် ရပ်တည်မှုဟာ ပြောင်းလဲမှု မရှိခဲ့ပေ။

ဆားဘီးယား တင်းနစ်ကစားသမား ဂျိုဂိုဗစ်ဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

(၁) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၉,၄၆၅
(၂)  ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၇,၅၀၅
(၃) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၆,၇၉၀
(၄) အလက်ဇန်းဒါး ဇက်ဗဲယာ (ဂျာမနီ) ၄,၄၇၀
(၅) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၄,၁၅၅
(၆) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၄,၁၂၅
(၇) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၄,၀၃၀
(၈)  စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၃,၆၉၀
(၉) ဒီမီတိုဗ် (ဘူလ်ဂေးရီးယား) ရမှတ် ၃,၅၇၅
(၁၀) ပါဘလို ကာရင်နို ဘတ်စ်တာ (စပိန်) ရမှတ် ၂,၈၅၅

©EFE_EPA