ဘလွန်းဒီအောဆုနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု လူကာမိုဒရစ် ပြောကြား

ရီးရဲလ်နှင့် ခရိုအေးရှား ကြယ်ပွင့်လူကာမိုဒရစ်က ယခုနှစ် ဘလွန်းဒီအောဆု ရရှိရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း မရှိဟု ပြောပြီး မိမိအနေဖြင့် ယင်းဆုကိုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေကြီး ကျယ်သောနှစ်တစ်နှစ် ဖြတ်သန်းခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။

မိုဒရစ်သည် ရီးရဲလ်ကိုချန်ပီယံလိဂ်ဖလား ရအောင်ကူညီခဲ့ကာ ခရိုအေးရှားကိုလည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက်အောင်ကူညီခဲ့သဖြင့် ဘလွန်းဒီအောဆုရ မည်ဟုရေပန်းစားနေသူများတွင် ပါဝင်နေသည်။

သို့သော် မိုဒရစ် (၃၃)နှစ် သည် စက်တင်ဘာကဖီဖာအ ကောင်းဆုံးအမျိုးသား ကစားသမားဆုရရှိခဲ့ကာ ဘလွန်းဒီအောဆုနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိဟု ပြောသည်။

တနင်္ဂနွေနေ့က အင်္ဂလန်ကို ၂-၁ ဂိုးဖြင့်ရှုံးသော ပွဲအပြီးတွင် မိုဒရစ်က မိမိအနေဖြင့် ယခုပြိုင်ပွဲ၌ ပါဝင်ခွင့်ရသဖြင့် ဂုဏ်ယူမိကြောင်း၊ ဘလွန်းဒီအောဆုရလျှင် မိမိလောက်ပျော်ရွှင်သူ မရှိနိုင်သကဲ့သို့ ဆုမရပါကလည်း ဘာမျှ ပြောင်းလဲမည် မဟုတ်ကြောင်း ပြောသည်။

ဝင်ဘလေကွင်းတွင် ခရိုအေးရှားရှုံးပွဲကြုံခဲ့ပြီးနောက် နိုင်ငံများလိဂ်ဖလားအုပ်စု(၄)၌ တတိယနေရာတွင် အဆုံးသတ်ကာ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

ထိုအတောအတွင်း ဘလွန်းဒီအောဆုကို ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှ ကစားသမား တစ်ဦးဦးရရှိမည်ဟု ယုံကြည်ကြောင်း ပီအက်စ်ဂျီမှ ပြင်သစ် ကြယ်ပွင့်မက်ဘီက ပြောသည်။ ဒီဇင်ဘာ ၃ ရက်တွင် ဘလွန်းဒီအောဆု ရမည့်သူကို ကြေညာမည်ဖြစ်၍ နည်းပြဒက်စ်ချမ့်၏ ပြင်သစ်အသင်းသားခြောက်ဦးအထိ ပဏာမစာရင်း၌ ပါဝင်နေသည်။

 —Ref:Goal/AS