ပြလို့ကျေးရွာ ရှစ်မျက်နှာကျောင်းတိုက် ရေထိန်းနံရံအတွက် သဲအိတ်များဖြည့်တင်းပေးပြီး လုပ်အားဒါနကုသိုလ်ယူ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ အလုပ်သမားရေးရာအဖွဲ့များမှဦးဆောင်၍ အောင်လံ မြို့နယ် ပြလို့ ကျေးရွာ ရှစ်မျက်နှာကျောင်းတိုက်ကမ်းပါးပြိုခြင်းမှကာကွယ်ရန် သဲအိတ် များဖြည့်တင်း၍ ရေကာတာအတွင်းချထားခြင်းလုပ်ငန်းကို ယမန် နေ့ နံနက် ၁ဝနာရီမှ ညနေ ၅နာရီအထိ ကုသိုလ်ယူဆောင်ရွက် ပေးခဲ့သည်။

Union daily