ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီအစည်းအဝေးကျင်းပ

 

ပုသိမ်ကြီး မတ် ၅

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်း ရေးမှူးဦးကိုကိုလွင်၊ ဘဏ္ဍာရေး မှူးဦးဝင်းနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။ အခမ်းအနား တွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးဆွေသန်း က အဖွင့်အမှာစကားပြောကြားရာ တွင် မြို့နယ်အစည်းအဝေးများ မပျက်မကွက်တက်ရောက်နိုင်ရေး၊ နယ်မြေမှူးများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ကြရေး၊ ပါတီဝင်အင်အား တိုးပွားရေးကိစ္စ များဆွေးနွေးခဲ့ပြီး တက်ရောက်လာ သော ကော်မတီဝင်များက မိမိနယ် မြေများအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး တင်ပြခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌက တင်ပြမှုများအပေါ် ပြန်လည်သုံး သပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရိုးဆန်း