ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအား ဂျပန်နိုင်ငံ Suita Rotary Club မှ Club President နှင့်အဖွဲ့လာရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးအား ဂျပန်နိုင်ငံမှSuita Rotary Club မှ Club President ဖြစ်သူ Ms. Kuniko Tat-amitani ဦးဆောင်သောအဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် (ရန်ကုန်) ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံSuita Rotary Club မှAssistant Director ဖြစ်သူ Ms. Mary နှင့် မြန်မာနိုင်ငံအမျိုးသမီးဒုကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ ၊ ပညာရေး ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်စုစုသိန်း ၊ ဒေါ်မြသန္တာနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အကြံ ပေးပုဂ္ဂိုလ်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးအောင်နိုင်ထွန်း၊ ရန်ကုန်တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးရာတွင် ဂျပန်နိုင်ငံSuita Rotary Club မှ Assistant Director ဖြစ်သူMs. Mary က မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် လူမှုရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ချောစု