ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာနှစ်သစ်ကူး အကြို စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များစုပေါင်းပြီး ဧပြီလ (၅) ရက် နံနက် (၈း၃၀)တွင် ကျောက်ဆည်မြို့ ကုတင် (၂၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် မြန်မာနှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်းမှု ပြုခဲ့ပါသည်။

 

 

အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲသို့ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်မြင့်သန်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းနှင့် မြို့နယ်ပါတီကော်မတီကော်မတီဝင်များ ဇီဝိတဒါနသွေးလှူရှင်အသင်းမှ အဖွဲ့ဝင်များ စုစုပေါင်း (၇၀)ဦးတက်ရောက်ပြီး A သွေး (၁၂)လုံး B သွေး (၁၄)လုံး O သွေး (၁၃)လုံး AB သွေး (၆)လုံး စုစုပေါင်း သွေး(၄၅)လုံး လှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး