အဆီများတဲ့ အစားအစာတွေကို ဆားနဲ့ တွဲဖက် စားသုံးရင် ကိုယ်အလေးချိန် လျော့ကျစေနိုင်

ကျွန်ုပ်တို့တွေ အစဉ်အဆက်သိခဲ့ကြတာကတော့ ဆားအသုံးပြုတာများသွားရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာပါပဲ။ ဒါပေမယ့် လေ့လာမှု တစ်ခုထဲမှာတော့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာက ဆားဟာ အဆီတက်စေတဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးပါက လူတွေကို ကိုယ်အလေးချိန် လျော့ကျ စေနိုင်တယ်ဆိုတာပါပဲ။

အားလူးကြော်လိုမျိုး အသင့်စားအစားအစာ တွေကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ခု ဖြစ် တယ်ဆိုပေမယ့်လည်း သုတေသီတွေက ဆားပမာဏများတဲ့အခါမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်နေဆဲပဲ ဖြစ်တယ်ဆိုတာကိုလည်း သတိပေးထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုတစ်ခေါက်ရှာဖွေတွေ့ရှိမှုဟာ ကယ်လိုရီ မပါဝင်တဲ့ အာဟာရတွေက ခွန်အားမျှတမှုနဲ့ အလေးချိန်တိုးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ အရင်တစ်ခေါက် ရှာဖွေတွေ့ရှိမှုအပေါ် သက်ရောက်မှုတွေ ရှိတယ်ဆိုတာကိုတော့ သုတေသီတွေက အခိုင်အမာ ဆိုနေကြပါတယ်။

ထိုလေ့လာမှုကိုတော့ Lowa တက္ကသိုလ်က သုတေသီအဖွဲ့ဟာ ကြွက်တွေကို သာမာန်အစာတွေနဲ့ အဆီ ပမာဏများတဲ့ အစာတွေကို ကျွေးကြည့်ခဲ့ပါတယ်။ အဲဒီအခါမှာ ဆား ပမာဏနည်းပြီး အဆီပမာဏများတဲ့ အစာကိုစားတဲ့ ကြွက်ဟာ ၁၆ ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ဂရမ် လောက်တိုးလာခဲ့ပါတယ်။ အဆီ ပမာဏလည်းများပြီး ဆားပမာဏ လည်းများတဲ့ အစာတွေကို ကျွေးလိုက်တဲ့အခါမှာတော့ ကြွက်ဟာ ကိုယ် အလေးချိန် တိုးလာမှု မရှိခဲ့ပါဘူး။

တစ်နည်းအားဖြင့် ဆားတွေရဲ့ လုပ်ဆောင်ချက်ဟာ အစာချေဖျက်မှုကို အားကောင်းစေခဲ့တာကို တွေ့ရှိခဲ့ ရပြီး အဆီကတော့ ခန္ဓာကိုယ်ရဲ့ စုပ်ယူခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

သစ်ထူးလွင်(ကျန်းမာရေး)