အနက်ရောင်ချောကလက်နဲ့ ကျန်းမာရေးကောင်းကျိုး

အနက်ရောင်ချောကလက် (dark chocolate)  ရဲ့ အကျိုးကျေးဇူးများအကြောင်း ဟိုးအရင်ကတည်း က ဖော်ပြခဲ့ပြီးဖြစ်ပေမယ့် မကြာသေးမီ လေ့လာမှုတစ်ခုက စိတ်ခံစားချက်ကောင်းမွန်စေရုံမက ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်မှုတွေပါ အမှန်တကယ် ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း အခိုင်အမာဖော်ပြခဲ့ပါတယ်။
မကြာသေးမီက ဆောင်းပါးတစ်ခုမှာ The New York Times က dark chocolate မှ လေ့ကျင့်ခန်း လုပ်နေစဉ် အောက်ဆီဂျင်မဲ့ စွမ်းဆောင်ရည်တွေမှာ ရှိနိုင်တဲ့ အကျိုးဆက်ကို လေ့လာခဲ့ပြီး  London’s Kingston University ကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက လေ့လာမှုတစ်ခုအဖြစ် အသားပေး ဖော်ပြခဲ့ပါတယ်။

ယင်းလေ့လာမှုမှာ စက်ဘီးစီးသမားတွေကို အုပ်စု ၂ စုခွဲ လေ့လာခဲ့ပါတယ်။ တစ်ဝက်ကို dark chocolate ၄၀ ဂရမ်ပေးပြီး ကျန်အုပ်စုကိုတော့ ချောကလက်အဖြူကို အဆာပြေအဖြစ် ကျွေးခဲ့ပါ တယ်။
Dark chocolate စားတဲ့ စက်ဘီးစီးသမားတွေဟာ မစားသူများထက် သတ်မှတ်ထားတဲ့ အချိန် အတွင်း များစွာ ခရီးပိုမသွားနိုင်ခဲ့ပေမယ့် သူတို့အသက်ရှူမှု ပိုမိုတိုးတက်ကောင်းမွန်ပြီး ဟောဟဲလိုက် ခြင်းမရှိဘဲ ပုံမှန်အတိုင်း ကိုယ်လက်လှုပ်ရှားမှု ဆက်လက်လုပ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ရလဒ်အဖြေအရ dark chocolate မှာ နိုက်ထရစ်ခ်အက်ဆစ် စတင်ထုတ်ပေးတဲ့ အာဟာရတစ်ခု ဖြစ်တဲ့ epicatechin ပေါကြွယ်ဝပြီး ဆဲလ်အတွင်းသို့ အောက်ဆီဂျင် စီးဆင်းမှု တိုးမြင့်ကောင်းမွန် စေကြောင်း သိပါတယ်။

ကိုယ်အလေးချိန် မတက်အောင်လည်း ထိန်းသိမ်းရင်း ယင်းအကျိုးကျေးဇူးရရှိဖို့အတွက် ချောကလက် ၄၀ ဂရမ် ပုံမှန်စားပေးဖို့ သုတေသနပညာရှင်များမှ အကြံပြုထားပါတယ်။

www.phothutaw.com


Leave a Reply