ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိအဘွားအဆောင်အမှတ်(၅)ကို ပါတီဗဟိုအတိုင်ပင်ခံဦးသိန်းအောင်မိသားစုဖောင်ဒေးရှင်းမှဆောက်လုပ်လှူဒါန်း

 

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်) သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတိုင်ပင်ခံဦးသိန်းအောင်မိသားစုဖောင်ဒေးရှင်း က အဘွားအဆောင်အမှတ်(၅) (ပိတောက်ဆောင်) ဆောက်လုပ်၍ ရေစက်ချလှူဒါန်းပွဲအခမ်းအနား ကို ယခုလ ၁၆ရက် နံနက် ၁ဝနာရီတွင် နေပြည် တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြတ် မင်္ဂလာလမ်းနှင့်ရွှေကြာပင်လမ်းထောင့်ရှိ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ သုခဝါသ အောင်စစ်သည်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာ(နေပြည်တော်)အုပ်ချုပ်ရေးမှူးဦးသန်းထွန်း ကကရုဏာကမ္ဘာဘိုးဘွားရိပ်သာပေါ်ပေါက်လာ ပုံနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်း လင်းပြောကြားသည်။
ဆက်လက်၍ ဗဟိုအတိုင်ပင်ခံ မိသားစုတို့သည် အဘိုးအဘွားများ မွန်းလွဲစာသုံးဆောင်နေမှုများကို သွားရောက်ကြည့်ရှု၍ အားပေး စကားများပြောကြားခဲ့သည်။ ယင်း နောက် အဘွားအဆောင်အမှတ်(၅) အဆောက်အအုံအား လှည့်လည် ကြည့်ရှု၍ အလှူရှင်ကမ္ပည်း ကျောက်စာတိုင်အား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ဗဟိုအတိုင်ပင်ခံ မိသားစုက အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပ ရာ အဘွားအဆောင်အမှတ်(၅) (ပိတောက်ဆောင်)အတွက်ငွေကျပ် သိန်း၁ဝဝဝ၊ အာဟာရငွေပဒေသာ ပင်အတွက် ငွေကျပ်သိန်း၃ဝနှင့် ပင့်သံဃာငါးပါးအတွက် လှူဖွယ် ပစ္စည်း၊ ဆွမ်းနှင့်အဘိုးအဘွားများ တစ်နေ့တာအာဟာရအတွက် ငွေ ကျပ် ၁ဝသိန်း၊ စုစုပေါင်းငွေကျပ် သိန်း၁ဝ၄ဝအား ပေးအပ်လှူဒါန်း ပြီး သံဃာတော်အရှင်မြတ်များ ထံမှ ငါးပါးသီလခံယူကာ ရေစက် သွန်းချ လှူဒါန်းအမျှပေးဝေခဲ့ သည်။

အဆိုပါအခမ်းအနားသို့ ဗဟို အတိုင်ပင်ခံဦးသိန်းအောင်မိသားစု နှင့်အတူ ပြည်ခိုင်ဖြိုးပါတီ၊ တောင် သူလယ်သမားရေးရာကော်မတီ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်နှင့် ပါတီဌာနချုပ် မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးလော်ဘီ