ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည် နှစ်သစ်ကူးကာလ မြန်မာ့ယဉ် ကျေးမှု ရှေးရှု၍ ယနေ့ (၂၁-၄-၂၀၁၇) ၁၃၇၉ တန်ခူးလပြည့် ကျော် (၁၀) ရက် နံနက် (၉း၀၀)နာရီ အချိန်တွင် သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ ကျောက်ဆည်ခရိုင် နယ်မြေ တာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂိအောင် ခရိုင်ပါတီ ဥက္ကဌ ဦးအောင်မြင့်သန်း မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်မြို့နယ်ပါတီ ကော်မတီဝင်များ ရပ်/ကျေး စည်းမှူးများ တက်ရောက်ပူဇော် ကြပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ပြီး မြို့နယ်အတွင်းရှိ စည်းရုံးရေးနယ်မြေအသီးသီးမှ အသက်ကြီးဆုံး အဖိုး/ အဖွား (၁၁)ဦးအား ပူဇော်ကန်တော့ကြ ရာ ခရိုင်ပါတီဥက္ကဌ မှ အသက် (၁၀၇) နှစ်ရှိ ငါးမြွေကုန်း ကျေးရွာမှ ဒေါ်သင်ဥ အားလည်းကောင်း တိုင်းပါတီ ကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံမှ အသက် (၉၉) နှစ်ရှိ ပနန်ကျေးရွာမှ ဒေါ်သန်းတင် အားလည်းကောင်း မြို့နယ်ပါတီဥက္ကဌမှ အသက် (၉၇) နှစ်ရှိ အင်တိုင်း ကျေးရွာမှ ဒေါ်စံကျင် အားလည်းကောင်း အသက်(၈၈)နှစ် အထက်အဖိုးအဖွား(၈)ဦးတို့အား မြို့နယ်ပါတီ ကော်မတီ ဝင်များကလည်းကောင်း တစ်ဦးလျှင် ဆေးဝါးပစ္စည်းနှင့်ပူဇော်ငွေ (၅၀၀၀၀) ကျပ်စီ ပူဇော်ကန်တော့ခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ရေခဲမုန့် ကိတ်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါ သည်။

Credit : ​ကျောက်​ဆည်​ပြည်​ခိုင်​ဖြိုး