ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံနှင့် ကချင်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့်ကချင် ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ခရိုင်၊ မြို့နယ်လူငယ်ရေးရာတာဝန်ခံများ နှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန် နေ့ မွန်းလွဲ ၂နာရီခွဲမှ ညနေ၆ နာရီအထိ ပြည်နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာအောင်မြတ် ဦးက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရား ဝမ်ဂျုံက အမှာစကားပြောကြားခဲ့ သည်။ ထို့နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင်၊ ကချင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက စည်းရုံးရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍လည်းကောင်း၊ ဗဟို ကော်မတီဝင်ကချင်ပြည်နယ်လူငယ် ရေးရာတာဝန်ခံ ဦးမရန်ဘရန်ရှောင် က ပြည်နယ်လူငယ်ရေးရာကော် မတီဖွဲ့စည်းထားရှိမှုနှင့် လှုပ်ရှား ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ ဗဟိုအလုပ်အမှု ဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့် တက် ရောက်လာကြသည့် ပြည်ခိုင်ဖြိုး လူငယ်များနှင့် အပြန်အလှန်ဆွေး နွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာ အောင်မြတ်ဦးကတက်ရောက်လာ သော ပြည်ခိုင်ဖြိုးလူငယ်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကာ အမှတ်တရဓာတ်ပုံများရိုက် ကူးကြသည်။
တွေ့ဆုံပွဲသို့ လူငယ်ရေးရာ တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ ဦးမရန်ဘရန်ရှောင်နှင့် ပြည်နယ်ကော်မတီဝင်၊အရန် ပြည် နယ်ကော်မတီဝင်များ၊မြစ်ကြီးနား၊ မိုးညှင်း၊ဗန်းမော်ခရိုင်တို့မှ လူငယ် ရေးရာတာဝန်ခံများနှင့်မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့မှ ပြည်ခိုင်ဖြိုး လူငယ်များ စုစုပေါင်းအင်အား ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရ သည်။

မျိုးမင်း(မြစ်ကြီးနား)