ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် မတ္တရာမြို့နယ်အတွင်းမှ ကျေးရွာ ၁၃ ရွာသို့ ပြည်ခိုင်ဖြိုးပါတီက ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် မတ္တရာမြို့နယ်အတွင်း မှ ကျေးရွာ၁၃ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပါတီမှ ငွေကျပ် သိန်း၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျ နိုင်ငံထုတ် ရေသန့်စက် ၁၃လုံးကို ဇူလိုင် ၂၆ရက် နံနက်၉နာရီခွဲနှင့် မွန်းတည့် ၁၂နာရီတို့တွင် အေး ကျွန်းကျေးရွာနှင့် သဲကျွန်းကျေးရွာ တို့မှ ရွာဦးဘုန်းတော်ကြီးကျောင်း များတွင် ပေးအပ်လှူဒါန်းခဲ့သည်။

ရေသန့်စက် ပေးအပ်လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီအတွင်း ရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ဌေးကျော်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မတ္တရာမြို့နယ် ပါတီဥက္ကဋ္ဌဦးလှမြင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသခံများစုစုပေါင်းအင်အား ၅ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေသန့်လှူဒါန်းပွဲတွင်တိုင်း ဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး မြို့နယ်ပါတီမှ တာဝန်ရှိသူက ရေသန့်စက်အသုံး ပြုပုံနှင့်ပတ်သက်၍ ဒေသခံများ အား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးပါတီမှ ပေးအပ်လှူဒါန်းသည့် ရေသန့်စက်များကိုအသုံး ပြုမည့် ဒေသခံများအား မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့် ကိုယ်စား တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များက အသီးသီးပေး အပ်လှူဒါန်းခဲ့သည်။

မတ္တရာမြို့နယ်အတွင်းရှိ အေးကျွန်း၊ မိုးကြိုး၊ ပျဉ်ကာ၊ ရွာတန်းရှည်၊ မြေစွန်း၊ စုပေါင်းကျွန်း၊ ဘိုး ကြီးကျွန်း၊ သဲကျွန်း၊ ဒင်္ဂါးကျွန်း၊ ဒေါင်းကျွန်း၊ ဆင်ကျွန်း၊ ရွှေဂဲပြန် ကျွန်းနှင့် ရောက်မဆုတ် စသည့် ကျေးရွာများတွင် မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ပေး အပ်လှူဒါန်းခဲ့သည့် ရေသန့်စက်များသည် သြစတြေးလျနိုင်ငံမှ ထုတ်လုပ်ပြီး တန်ဖိုးအားဖြင့် ရေ သန့်စက်တစ်လုံးလျှင် မြန်မာငွေ ကျပ်သိန်း၂ဝခန့်တန်ဖိုးရှိပြီး အဆို ပါစက်များမှာ ချောင်းရေ၊ မြောင်း ရေနှင့်မြစ်ရေအစရှိသော ရေအမျိုး မျိုးတို့အား PH7 ရေသန့်အဆင့်ရ သည်အထိအသုံးပြုနိုင်ကာမန္တလေး တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ၁၃ရွာတွင် လှူဒါန်းခဲ့ သည့် ရေသန့်စက်၁၃လုံးတန်ဖိုး မှာငွေကျပ်သိန်း ၂၆ဝခန့်ရှိကြောင်း သိရသည်။

သုတ


Leave a Reply