အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ထိုင်းနိုင်ငံ အိမ်တွင်းမှု သင်တန်းကျောင်းတို့ ပူပေါင်း၍ (၂၄-၃-၂၀၁၇ မှ ၂-၄-၂၀၁၇) ထိဖွင့်လှစ်သည့် အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားအား (၂-၄-၂၀၁၇) ရက်နေ့တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ပြုလုပ်ရာ အခမ်းအနားသို့ တာချီလိတ် ပြည်ခိုင်ဖြိုးနာယက ဦးဘိုလေး၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ၀င်များ၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အသက်မွေးသင်တန်းကျောင်းမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီ သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များကို နာယက ဦးဘိုလေးမှ လည်းကောင်း၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းမှလည်းကောင်း၊ ထိုင်းနည်းပြဆရာ/ဆရာမများမှ လည်းကောင်း၊ သင်တန်းကာလတစ်လျှောက် သင်တန်းသားများအား ထိုင်းစကား ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သော ကိုထ၀ိအား ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသတင်းစုံ