တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီပထမပြန်စာမေးပွဲစာဖြေသံဃာများအတွက် နဝကမ္မငွေကျပ် ၁ဝ သိန်းလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍ ယမန် နေ့မွန်းလွဲ ၂ နာရီက နိုင်ငံတော် အစိုးရမှကျင်းပမည့် ပါဠိပထမ ပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို တော်မူကြမည့် တာမွေမြို့နယ်မှ စာဖြေသံဃာတော်အပါး ၇၅ဝ ကျော်တို့အား ဆွမ်းကွမ်းဝေယျာဝစ္စ ကပ်လှူနိုင်ရန်အတွက် နဝကမ္မ အလှူငွေကျပ် ၁ဝ သိန်းကို မြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဦးကောဝိနန္ဒထံ သွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

တာရာ(တာမွေ)