ပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီ ဦးဌေးဦးသည် ယခုလ ၁၆ ရက် ညနေပိုင်းက ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ဟင်္သာတခရိုင် နှင့်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူးများ၊ အလုပ်အမှုဆောင်များ နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 


ရှေးဦးစွာဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးခင်ဦးက ပြည်ခိုင်ဖြိုးပါတီ၏ ဟင်္သာတဒေသတွင် လက်ရှိဆောင် ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ခိုင် ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးက မိမိတို့နယ်မြေတွင် ပါတီဝင်အင်အား မှန်ကန်မှုရှိရန် လိုအပ်ကြောင်း၊ အမှန်တကယ် ရှိမရှိ ပြန်လည်စိစစ်ကြရန်လိုအပ် ကြောင်း၊ မိမိတို့ပါတီဝင်များသည် ပါတီအပေါ်ယုံကြည်ပြီး လိုက်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပါတီဝင်အင်အားခိုင်ခိုင်မာမာရှိရန် လိုအပ်ကြောင်း၊ ပါတီတွင်းစည်း လုံးညီညွှတ်မှုကို တိုးတက်အောင် တည်ဆောက်ပြီး ပြည်သူလူထု အတွင်း စည်းလုံးမှုကိုလည်း တိုး တက်မှု ရရှိစေရန်အတွက် ပါတီ ဝင်တိုင်းက ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိတ်ရှည်စွာဖြင့် ရည်မှန်းချက်များ မပျောက်ပျက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပါတီ၏ရည်မှန်းချက်များ အောင် မြင်ရေးအတွက် စိတ်ဝမ်းမကွဲဘဲ စုစည်းညီညွတ်သောအင်အားဖြင့် စည်းလုံးညီညွှတ်စွာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အမှာ စကား ပြောကြားသည်။
ထို့နောက် ဟင်္သာတခရိုင်နှင့် မြို့နယ်ပါတီ အလုပ်အမှုဆောင် များက ဟင်္သာတဒေသအတွင်း အခြေအနေများကို အသီးသီး တင်ပြခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦး က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

Union daily