ထပ်မံရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှလှူဒါန်း

 

လောက်ကိုင်မြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေနရာမှ နေရပ်သို့ပြန်လည်ထွက်ခွာလာကြသည့် စစ်ဘေး ရှောင် ပြည်သူ(၂၅၀)ခန့်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ရှိ ကျွဲဆည်ကန် ကားကြီးကွင်း တွင် (၁၃.၃.၂၀၁၇)ရက်နေ့ ညပိုင်းက ထပ်မံ ရောက်ရှိလာရာ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးအမာခံအဖွဲ့များမှ သွားရောက် အားပေးစကား ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်းသော ထမင်းထုပ်များ၊ မုန့်ထုပ်များ၊ ရေသန့်ဗူးများ ဝေငှပေးခဲ့ကြ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးမန္တလေးတိုင်းဒေသကြီး