အီရတ်ဝန်ကြီးချုပ် အဘာဒီ မတ်လအတွင်း အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရတ်ဝန်ကြီးချုပ် ဟိုင်းဒါအယ်လ်အဘာဒီအား ၀ါရှင်တန်၌လက်ခံ တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြီးခဲ့သောအင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပြီး မိုဆူးလ်မြို့၌ အိုင်အက်စ်တို့အား တိုက်ခိုက်နေကြသော နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးမည်ဖြစ်သည်။

 

အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ရှောန်စပိုက်ဆာက ဂျာမနီအဓိပတိ အိန်ဂျယ်လာမာကယ်လ် သည်လည်း လာမည့်အပတ်တွင် လာရောက်လည်ပတ်မည်ဖြစ်ပြီး ထို့နောက်တွင် သမ္မတဒေါ်နယ်ထရမ့်က အီရတ်ဝန်ကြီး ချုပ်အား ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဒေါ်နယ်ထရမ့်လက်ထက်တွင် အီရတ်နိုင်ငံသားများအား အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ပိတ်ပင် ခဲ့သောကြောင့် အမေရိကန်နှင့် အီရတ်နိုင်ငံကြား တင်းမာမှုများ ရှိလာခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော တနင်္လာနေ့တွင် အမေရိကန်သို့ လာရောက်ခွင့် ပိတ်ပင်ခံရသော မူစလင်နိုင်ငံများစာရင်းမှ အီရတ်နိုင်ငံအား ထုတ်ပယ်ခဲ့သည်။

အီရတ်အစိုးရက အဆိုပါလွတ်ငြိမ်းခွင့်အား ကြိုဆိုဂုဏ်ပြုခဲ့ပြီး အီရတ်နှင့် အမေရိကန်နိုင်ငံကြားရှိ ဆက်ဆံရေး အား ပိုမိုအားကောင်းစေနိုင်သော အရေးပါသည့် ခြေလှမ်းတစ်ရပ်  ဖြစ်ကြောင်း   ပြောခဲ့သည်။

“အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် သမ္မတဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံအား အမေရိကန်သို့လာရောက်ခွင့်    ပိတ်ပင်မှုစာရင်းမှ ပယ်ဖျယ်လိုက်သည့်အပေါ် အလွန်အားရကျေနပ်ကြောင်း   ဖော်ပြချင်ပါတယ်” ဟု ပြောရေး ဆိုခွင့်ရှိသူ အာမက်ဂျာမယ်လ်က ပြောခဲ့သည်။

-Ref; AFP