တရုတ်နိုင်ငံရှိ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်နေသည့် ဒေသများတွင် ကျောင်းများကို ပိတ်လိုက်ရပြီး ငါးဖမ်းစက်လှေ များကို ပြန်ခေါ်

thaiwan

တိုင်ဖုန်းမုန်တိုင်းကြောင့် တွေ့ရသော အပျက်အစီးအချီူ့

ရှန်ဟိုင်း စက်တင်ဘာ ၂၈

တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖူဂျီအန်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့၌ တိုင်ဖုန်းမုန်တိုင်း မဂ္ဂီ ကုန်တွင်းပိုင်းသို့ ၀င်ရောက် ခဲ့မှုကြောင့် ကျောင်းများကို ပိတ်လိုက်ရပြီး လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းလိုက်ရကြောင်း၊ လေပြင်းများသည်လည်း တစ်နာရီလျှင် ၇၅ မိုင်အထိ တိုက်ခတ်လျှက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်သည်။

ပစိတ်ဖိတ်သမုဒ္ဒရာထဲမှ ရွှေ့လျားလာခဲ့ချိန်မှ စတင်ကာ ထိုင်ဝမ်နိုင်ငံတွင် လူ ၄ ဦးသေဆုံးကာ၊ ၅၂၃ ဦး ဒဏ်ရာရရှိစေခဲ့သည့် တိုင်ဖုန်းမဂ္ဂီသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် တရုတ် ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ခဲ့သည်။

မုန်တိုင်း၏အရှိန်ကြောင့် တတိယအမြင့်ဆုံး ရာသီဥတုပြင်းထန်မှုသတိပေးချက်ကို အာဏာပိုင်များက ထုတ်ပြန် ထားသည်။

ပင်လယ်ကမ်းခြေနှင့် ပင်လယ်တွင်း အလုပ်လုပ်ကိုင်နေသူ ၁ သိန်း ၂ သောင်းကျော်ကိုလည်း ဖူဂျီအန်ပြည်နယ် အာဏာပိုင်များက နေရာရွှေ့ပြောင်းထားသည်ဟု ဆိုသည်။ လေပြင်းတိုက်ခတ်မှုများကို ရှောင်ရှားရန် ပြည်နယ်မှ ငါးဖမ်းလှေ ၃၁၇၀၀ ကိုလည်း ပြန်ခေါ်ထားရသည်ဟု သိရသည်။

Ref:Xinhua


Leave a Reply