လူထုဟောပြောနည်း ဘာသာရပ်အား တွေ့ဆုံဆွေးနွေး မျှဝေပေး

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပါတီရုံး၌ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် (ဝေလွင်မောင်) က ဖေဖော်ဝါရီ (၂၈) ရက် နံနက် ၉ နာရီတွင် လူထုဟော ပြောနည်း ဘာသာရပ်အားမျှဝေ၍ ဗဟုသုတအသိပညာများ တွေ့ဆုံ ဆွေးနွေးပို့ချပေးသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပို့ချပွဲသို့ တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ၁၄ မြို့နယ်တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင် များ စုစုပေါင်းအင်အား ၇ဝ တက်ရောက်၍ မွန်းလွဲ ၁၂ နာရီခွဲတွင် အောင်မြင်စွာဆွေးနွေးခဲ့ကြောင်း သိရသည်။

မြတ်ခိုင်အုန်း(လက်ပံတန်း)