အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အလုံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ရက် ညနေက မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူး ဒေါ်ဥမ္မာ ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များသည် စောရန်ပိုင် အနောက်ရပ်ကွက်နှင့် ဆင်မင်းရပ်ကွက်များသို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အောင်နိုင်ရေးအလံများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မဲဆန္ဒရှင်များကို ရင်းနှီး နွေးထွေးစွာကွင်းဆင်းစည်းရုံးခဲ့ကြောင်းသိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)