နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်စတင်လိုကြောင်း အမေရိကန်ဒုတိယသမ္မတက တူရကီဝန်ကြီးချုပ်ကို ပြောဆို

အစိုးရသစ်အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံနှစ်ခုကြား ဆက်ဆံရေးကို ပြန်လည်စတင်လိုကြောင်း တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယယ်ဒရင်ကို အမေရိကန်သမ္မတ မိုက်ပန့်စ်က ပြောကြား ခဲ့ကြောင်း ဒေသတွင်း မီဒီယာ များက ဖော်ပြသည်။

တူရကီနိုင်ငံသည် သမ္မတဟောင်းဘားရက်အိုးဘားမား လက်ထက်အတွင်း ဆက်ဆံရေးအခြေအနေ ဆိုးရွားခဲ့ပြီး နောက် သမ္မတသစ်ဒေါ်နယ်ထရန့်လက်အောက်တွင် ဝါရှင်တန်နှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် မျှော်လင့်ထား သည်။

ဒုသမ္မတပန့်စ်က အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်ဆံရေး ဆက်လက် ဖွံ့ဖြိုးရေးလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း မြူနစ်လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲ ပြင်ပတွင် စနေနေ့က ပြုလုပ်သော အစည်းအဝေး တစ်ခုအတွင်း ပြောကြားခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်က စီအိုင်အေအကြီးအကဲ မိုက်ခ်ပိုပီအိုသည် သမ္မတ ထရန့်က တူရကီသမ္မတ ရီဆက်တေ ရစ်အာဒိုဂန်နှင့် ပထမဆုံးအကြိမ် စကားပြောဆိုခဲ့ပြီးနောက် ၄၈ နာရီအတွင်း အန်ကာရာမြို့သို့ လာရောက် လည်ပတ်ခဲ့သည်။ ၀န်ကြီးချုပ် ယယ်ဒရင်က တူရကီ အစ္စလာမ္မစ်တရားဟောဆရာ ဖာတူလာဂူလန်နှင့် ပတ် သက်သော အရေးကိစ္စအပေါ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စအတွက် တူရကီအဆင်သင့်ဖြစ်နေကြောင်း ဒုသမ္မတ ပန့်စ်ကို ပြောကြားခဲ့သည်။

ပန်ဆယ်ဘေးနီးယား ပြည်နယ်တွင် ပြည်ပြေးဘ၀ဖြင့် နေထိုင်နေရသော ဂူလန်ကို ပြီးခဲ့သည့် ဇူလိုင်လက သမ္မတအာဒိုဂန်ကို ဖြုတ်ချရန် ကြိုးစားခဲ့သည့် အာဏာသိမ်းမှုကို အမိန့်ပေးခဲ့သည်ဟု တူရကီဘက်က စွပ်စွဲထား သည်။ သို့သော် ယင်းစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့သော်လည်း တူရကီနိုင်ငံဘက်က လွှဲပြောင်း ပေးရေးကိုသာ ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ အမေရိကန်ဘက်က ယင်းကိစ္စကို လုပ်ဆောင်ရန် တရားရေးပိုင်း ဆိုင်ရာအရ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အိုဘားမားအစိုးရနှင့် တူရကီတို့ကြား ပြဿနာ ဖြစ်ပွားရသည့် အဓိကအကြောင်းအရာ ဖြစ်လာခဲ့သည်။

Ref:AFP