ကိုလံဘီယာ FARC သူပုန်တို့ လက်နက်စွန့်မှု စတင်

ကိုလံဘီယာနိုင်ငံ၏ FARC သူပုန်တို့သည် ကုလသမဂ္ဂထံ၌လက်နက်ချခြင်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။ အင်အား ၇၀၀၀ ရှိသော သူပုန်တို့သည် လက်နက်စွန့်ရန် သတ်မှတ်ထားသည့် နယ်မြေများသို့ လာရောက်ခဲ့ကြ ကြောင်း သမ္မတ ဂျူအန်မန်နျူရယ်ဆန်းတို့စ်က ဖေဖော်ဝါရီ ၂၀ ရက်က ပြောကြားလိုက်သည်။

ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ FARC သူပုန်တို့သည် လွန်ခဲ့သောနှစ်ကအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကာ လက်တင်အမေရိက၏ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခ ကို အဆုံးသတ်ခဲ့ကြသည်။ ဤပဋိပက္ခကြောင့် လူပေါင်း ၂၂၀ç၀၀၀ ကျော်သေဆုံး ခဲ့ရသည်။

သူပုန်အားလုံးသည် ဇွန်လ နောက်ဆုံးထား၍ ၎င်းတို့၏လက်နက်များကို စွန့်လွှတ်သွားရမည်ဟု သမ္မတက ပြောကြားခဲ့သည်။ ယခုအပတ် တနင်္ဂနွေတွင် လက်နက်စွန့်မည့် နယ်မြေများသို့ အပြီးပိုင်ရောက်ရှိကြရမည်ဟု ဆိုသည်။ နှစ်ဦး နှစ်ဖက်သဘောတူ စာချုပ်အရ တိကျသည့် အပစ်အခတ်ရပ်စဲရေးနှင့် လက်နက်စွန့်မှုကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ဆန်းတို့စ် က ပြောခဲ့သည်။

လွန်ခဲ့သောအပတ်က FARC သူပုန်တို့သည် ၎င်းတို့နေထိုင်ရာ တောတောင်များမှ ခြေကျင်တစ်မျိုး၊ လှေစီး၍ တစ်ဖုံ ကုလသမဂ္ဂက သတ်မှတ်သည့် ဇုန်နယ် ၂၆ ခုသို့အရောက်လာခဲ့ကြသည်။ ငြိမ်းချမ်းရေး သဘောတူညီ ချက်အရ လွန်ခဲ့သော ၅၂ နှစ်က လယ်သမားဆူပူမှုလုပ်ခဲ့သော FARC တို့သည် ကိုလံဘီယာနိုင်ငံတွင် နိုင်ငံ ရေးပါတီ ဖွဲ့စည်းခွင့်ရရှိမည် ဖြစ်သည်။

ဤသဘောတူညီချက်ကို လူအများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ လူထုဆန္ဒခံယူပွဲတွင် ပယ်ချခံခဲ့ရ သည်။ သူပုန်တို့ကို ထောင်ချရမည့်အစား သက်ညှာခွင့်ပေးထားသည်ကို မကျေနပ်ကြ၍ဖြစ်သည်။

Ref:Reuters